အထွေထွေသတင်း

ဒီပဲယင်းမြို့နယ်၊ ပျံကျရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၂ ဦးသေဆုံး

October 1, 2023 || Tongsan Media Group || စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ပျံကျရွာအနီး တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၂ ဦးသေဆုံး​ခဲ့သည်ဟု ဒီပဲယင်း ဂဠုန်တပ်တော်အဖွဲ့နှင့် ရွှေဘိုခရိုင်တပ်ရင်း ၂၁ တို့၏ အတည်ပြုချက်အရ သိရှိရကြောင်း ရေဦးအခြေပြု People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ…

မူဆယ်မှာ စစ်‌ကောင်စီယာဉ်တန်းကို TNLA ချုံခိုတိုက်ခိုက်မှု တပ်ရင်းမှူး အပါအ၀င် စစ်သား ၉ ဦး သေဆုံး

October 1, 2023 || Tongsan Media Group || ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့က‌နေ မူဆယ်မြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို တအာင်း လွတ်မြောက်ရေး တပ်မတော် - TNLA က မနေ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ချုံခို တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မူဆယ်ဘက် ဦးတည်လာတဲ့…

ဒီပဲယင်းမြို့နယ်အတွင်း စစ်တပ် စစ်​ကြောင်း ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၄ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ညအချိန် ထွက်ပြေးနေရ

September 26, 2023 || Tongsan Media Group || စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်​ကြောင်း ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၄ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ညအချိန် ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။…

ကလေးမြို့သင်္ကြန်မှာ ဆန္ဒပြသူလေးဦး ထောင် ၁၀ နှစ်စီ ထပ်တိုးချမှတ်ခံရ

September 26, 2023 || Tongsan Media Group || စစ်ကိုင်းတိုင်း ကလေးမြို့မှာ ယခုနှစ် သင်္ကြန်ကာလအတွင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ သူလေးဦးကို စက်တင်ဘာလ ၂၅ ရက် မနေ့က စစ်ကောင်စီ တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်လိုက်တယ်လို့ ကလေးပင်မသပိတ် အင်အားစုက Tongsan Media ကိုပြောပါတယ်။…

မဏိပူရ်အစိုးရက မြန်မာနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက်ကီလိုမီတာ ၇၀ ကို ခြံစည်းရိုးခတ်ရန် စီစဉ်

September 26, 2023 || Tongsan Media Group || အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အစိုးရက မြန်မာနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက် ကီလိုမီတာ ၇၀ ကို ခြံစည်းရိုးခတ်ရန် စီစဉ်နေသည်ဟု သိရသည်။ မဏိပူရ်ပြည်နယ်၀န်ကြီးချုပ် N Biren Singh သည် အိန္ဒိယ-မြန်မာနယ်စပ်ကီလိုမီတာ ၇၀ ခြံစည်းရိုးခတ်ရန် အစီအစဉ်ကို နယ်စပ်လမ်းများအဖွဲ့ Border Roads…

မူဆယ်နှင့် ကွတ်ခိုင်တွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်များရဟု TNLA အသိပေး

September 24, 2023 || Tongsan Media Group || တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တို့၌ ယမန်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်များရရှိခဲ့ကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန်သည်။ တိုက်ပွဲများ ပြင်းထန်နေသည့် မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တွင် စက်တင်ဘာ ၂၂ရက်က တိုက်ပွဲ ၃ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေး…

ဂန့်ဂေါက စစ်အုပ်စုရဲ့စခန်းကုန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး သေနတ် ၁၅ လက် PDF ပူးပေါင်းတပ်ဖွဲ့တွေရ

September 23, 2023 || Tongsan Media Group || မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က စစ်အုပ်စုရဲ့စခန်းကုန်းတခုကို စက်တင်ဘာ ၁၈ ရက်မနက် ၄ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး သေနတ် ၁၅ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် ၁၉ တပ်ရင်းက…

ပြည်သူများကိုကယ်ထုတ်ပေးနေရင်း ကာကွယ်ရေးရဲဘော် ၂၂ ဦးကျဆုံး

September 23, 2023 || Tongsan Media Group || စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ခြေရာတော်ကျေးရွာအနီးတွင် ပြည်သူများကိုကယ်ထုတ်ပေးနေရင်း ကာကွယ်ရေးရဲဘော် ၂၂ ဦး ကျဆုံးခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။ ယမန်နေ့ ည ၈နာရီခန့်တွင် မြင်းမူမြို့နယ် ကြော့မင်းရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသောကြောင့် ပြည်သူများကို ကယ်ထုတ်ပေးနေရင်း ခြေရာတော်ရွာအနီး မြင်းမူ – မြောင်လမ်းပေါ်တွင် အလစ်အငိုက်ပစ်ခံခဲ့ရကာတော်လှန်ရေးရဲဘော် များနှင့် ပြည်သူများအပါအဝင် စုစုပေါင်း  ၂၅ ဦး သေဆုံးခဲ့ရသည်ဟု မြောင်မြို့နယ်ကာကွယ်ရေးရဲဘော် ၁ ဦးက ပြောသည်။ “သူတို့က ကာကွယ်ရေးအဖွဲ့တွေဆိုတော့ ပြည်သူကို ဘေးလွတ်ရာ ရှောင်တိမ်းဖို့ ကယ်ထုတ်နေကြတာဗျ။ အလစ်အငိုက်ဖြစ်သွားတာပါ ။ ဖြစ်ဖြစ်ချင်းမှာတော့ရန်သူဘက်က လက်ဦးမှုယူသွားတာပါ ။ အပြန်အလှန်ပစ်ခတ်မှုတော့ရှိခဲ့တယ်“ဟု ၎င်းက ဆိုသည်။ အဆိုပါဖြစ်စဥ်တွင် ကြော့မင်းရွာပြည်သူ့ကာကွယ်ရေးရဲဘော် ၁၅ ဦး၊ စစ်ကိုင်းခရိုင်အမှတ် ၅ တပ်ရင်းက ရဲဘော်၅ ဦး၊ စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်းက ရဲဘော် ၂ ဦး အပြင် ပြည်သူ ၃ ဦး အသတ်ခံခဲ့ရပြီး အလောင်းများကိုထိတွေ့မှုဖြစ်ပွားရာ ကားလမ်းပေါ်တွင် ယနေ့နံနက်ပိုင်းက ရှာတွေ့ခဲ့သည်ဟု သိရသည်။ သက်ဆိုင်ရာတပ်ရင်းများက လက်နက်လုံလောက်အောင် တပ်ဆင်မပေးနိုင်သောကြောင့် သက်ဆိုင်ရာ Local PDF အဖွဲ့များထံ ပြန်နေချိန် ခုလိုကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကာကွယ်ရေးရဲဘော် ၁ ဦးက ဆိုသည်။ “လက်လုပ် ၁ တောင့်ထိုးလေးတွေ ပါသွားတယ်ဗျ စစ်ကောင်စီဘက်က အင်အား၃၀ကျော်လေးတင်ပဲ။ လက်လုပ်တွေချည်းပဲရှိတာဆိုတော့ လက်နက်မမျှလို့ဖြစ်သွားတာ“ဟု ဆိုသည်။ အဆိုပါ ပစ်ခတ်မှ အတွင်း PDF ၂၅ လောင်း၊ လက်လုပ်သေနတ်(အရှည်) ၈ လက်၊ လက်လုပ်သေနတ် (အတို) ၂လက်သိမ်းဆည်းရမိသည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မြောင်မြို့ပေါ်ရှိ ဘောလုံးကွင်းတွင် အထိုင်ချထားသည့်စစ်ကောင်စီတပ်ထံ ပြန်လည်ရောက်ရှိသွားပြီဟု သိရသည်။

ချင်းလဲန်းကောင်စီညီလာခံ ဖြစ်မြောက်ရေးအတွက် လုပ်ငန်းကော်မတီဖွဲ့စည်

September 23, 2023 || Tongsan Media Group || ချင်းလဲန်းကောင်စီညီလာခံကျင်းပနိုင်ရန် လုပ်ငန်းကော်မတီ (Working Committee for Chinland Council Conference - WCCCC) ကို ချင်းလဲန်းကောင်စီ မျက်နှာစုံညီအကြိုအစည်းအဝေးတွင် ဖွဲ့စည်းခဲ့ကြောင်း WCCCC က စက်တင်ဘာ ၂၂ရက်‌နေ့ ယနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ချင်းလဲန်းကောင်စီ မျက်နှာစုံညီအကြိုအစည်းအဝေးကို…

လူ(၁၅၀) )ကျော်ပါတဲ့ စစ်အုပ်စုမော်တော် ချင်းတွင်းမြစ်အတွင်း နစ်မြုပ်၊ (၂၀) ဦးခန့်သာ အလောင်းရှာတွေ့သေး

September 22, 2023 || Tongsan Media Group || စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ကြောင်း တနေရာမှာ လူဦးရေ (၁၅၀) ကျော် လိုက်ပါလာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါပစ္စည်: သယ်ဆောင် မော်တော်တစ်စီး စက်တင်ဘာလ၂၀ ရက် နေ့လယ်ပိုင်း (၁၁)ခွဲလောက်က နစ်မြုပ်ခဲ့ပြီး စက်တင်ဘာလ ၂၁ ရက် ညနေပိုင်းအ…

You missed