နိုင်ငံတကာသတင်း

အစ္စရေးကို ကုလသမဂ္ဂအဖွဲ့ကြီးကနေ နှင်ထုတ်ရမည်ဟု အီရန်ကပြော

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အစ္စရေး ဇီယွန်ဝါဒီတွေကို ကုလသမဂ္ဂ အဖွဲ့ကြီးကနေ နှင်ထုတ်သင့်ပြီလို့ အီရန်သမ္မတ အီဗရာဟင် ရိုင်အီဆီ ပြောလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ ကျရောက်တဲ့ အစ္စလာမ္မစ် တော် လှန်ရေး ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ အီဗရာဟင် ရိုင်အီဆီက ပြောလိုက်တာပါ။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်၊ တောင်းဆိုဆုံးဖြတ်ချက်ပေါင်း ၄၀၀…

မြန်မာပဋိပက္ခဖြေရှင်းရေး အာဆီယံ Troika စနစ် ဆက်လက် ကျင့်သုံးနေ

မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကို ဖြေရှင်းရေး အရင်က အာဆီယံ အဖွဲ့အကြား သဘောတူထားတဲ့ လက်ရှိ၊ အရင် နဲ့ နောင် အလှည့်ကျ ဥက္ကဋ္ဌ သုံးနိုင်ငံက အလွတ်သဘော ဦးဆောင် ကိုင်တွယ်ဖြေရှင်းရေး (Troika) ပုံစံကို ဆက်လက် ကျင့်သုံးနေတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ဒီနေ့ ဂျာကာတာမှာ ပြောဆိုပါတယ်။…

လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ထိရောက်မှုမရှိတဲ့အပေါ် SAC-M အဖွဲ့ ဝေဖန်

မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုအပေါ် တုံ့ပြန်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကြောညာချက်က လုံလောက်မှု မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဒီနေ့ပဲ ဝေဖန် ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၅ရက် တနင်္လာနေ့က မြန်မာနိုင်ငံ အခြေအနေနဲ့ပတ်သက်တဲ့ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်ဆွေးနွေးပွဲ မစတင်ခင်၊ အဖွဲ့ဝင် (၉) နိုင်ငံက ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်နဲ့ ပတ်သက်ပြီး SAC-M…

ယူကရိန်းကို နယ်သာလန်က F 16 တိုက်လေယာဥ် ၂၄ စင်းအထိ ပေးပို့ဖို့ အသင့်ဖြစ်နေပြီ

ယူကရိန်း လေတပ်အတွက် F 16 တိုက်လေယာဥ် အနည်းဆုံး ၂၄ စင်းအထိ ပေးပို့ဖို့ အသင့်ဖြစ်နေပြီလို့ နယ်သာလန် ကာကွယ်ရေးဝန်ကြီး ခိုင်ဇာ အိုလောန်ဂရမ်က ဖေဖော်ဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။ ပထမအသုတ်အနေနဲ့ မူလက ၁၈ စင်းပေးပို့ဖို့ စီစဥ်ထားပေမဲ့ နောက်ထပ် ၆ စင်း အပိုထပ်ပေးလို့ ရတဲ့အတွက် အနည်းဆုံး ၂၄…

ယူကရိန်း စစ်သုံ့ပန်း နှစ်ရာကျော် ပြန်လည်လွတ်မြောက်လာ

ယူကရိန်း-ရုရှား နှစ်နိုင်ငံ စစ်သုံ့ပန်း လဲလှယ်ရေးသဘောတူညီချက်အရ တပ်ဖွဲ့ဝင် ၂၀၇ ဦး ဇန္နဝါရီ ၃၁ ရက်မှာ ပြန်လည်လွတ်မြောက်လာကြောင်း ယူကရိန်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။ လွတ်လာသူတွေထဲမှာ ရုရှားကျူးကျော်စစ် အစက ဖမ်းဆီးခံခဲ့ရတဲ့ မာရီယူပိုလ်နဲ့ မြွေကျွန်းက တပ်ဖွဲ့ဝင် အများစု ပါဝင်သလို နာမည်ကြီး အဇော့ဗ် တပ်ဖွဲ့ဝင်တွေပါ ပါဝင်တယ်လို့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရုရှားအစိုးရ…

အဖွဲ့ဝင်တွေလုံခြုံရေးနှင့် ယူကရိန်းအတွက် ဒေါ်လာ သန်း တသောင်းကျော်ဖိုး လက်နက် ခဲယမ်း များ နေတိုးအဖွဲ့က ဝယ်ယူထုတ်လုပ်မည်

အဖွဲ့ဝင်နိုင်ငံတွေလုံခြုံရေးနဲ့ ယူကရိန်းကို ဆက်လက်ကူညီပေးရေးအတွက် လက်နက်ကြီး အမြောက်ကျည် ဒေါ်လာ သန်း ၁၂၀၀ ဖိုး ဝယ်ယူထုတ်လုပ်ဖို့ အတွင်းရေးမှူးချူပ် ယန် စတိုတင်ဘာ့ဂ်နဲ့ နေတိုးလက်နက်ဝယ်ယူစုဆောင်းရေးအေဂျင်စီတာဝန်ခံ စတေစီ ကမ်မင်န်တို့ ဇန္နဝါရီလ၂၃ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးကြောင်း နေတိုးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ သဘောတူ လက်မှတ်ရေးထိုးပွဲကို ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တော်က နေတိုးဌာနချုပ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ရုရှားကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းကို…

အိန္ဒိယပြေးသည့် စစ်သားများကို သွားခေါ်သည့်သော လေယာဉ် ပြေးလမ်းချော်

အိန္ဒိယနိုင်ငံသို့ တိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်သားများကို သွားရောက်ခေါင်ဆောင်သည့် လေယာဉ်သည် လေဆိပ်တွင် ပြေးလမ်းချော်သွားကာ စစ်သား ၁၂ ဦး ဒဏ်ရာရသွားပြီး ၄ ဦးမှာ စိုးရိမ်ရသည်ဟု AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။ တရုတ်နိုင်ငံလုပ် Shaanxi Y-8 အမျိုးအစားလေယာဉ်ဖြင့် စစ်ကောင်စီတပ်သားများကို သွားရောက်ခေါ်ဆောင်ခြင်းဖြစ်သည်။ ထိုလေယာဉ်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၏ အဓိကလေဆိပ် Lengpui တွင် ယနေ့…

အမေရိကန်ဒရုန်းတိုက်ခိုက်မှုကြောင့် အဆင့်မြင့်ဟူသီစစ်ခေါင်းဆောင် သေဆုံးဟုဆို

အမေရိကန်ရဲ့ ဇန္နဝါရီလ ၂၀ ရက်နေ့ညပိုင်းက တိုက်ခိုက်မှုမှာ ဟူသီအဆင့်မြင့် စစ်ခေါင်း ဆောင်တဦးနဲ့ အီရန်ဒုံးကျည်အကြံပေးအရာရှိ ၂ ဦးသေဆုံးသွားရကြောင်း ယီမင်အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။ ယီမင်နိုင်ငံ Shaab Al-Makhdara ဒေသက ဟူသီဒုံးကျည်အခြေစိုက်စခန်းကို အမေရိကန်က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပင်လယ်နီထဲကို ဒုံးကျည်ပစ်ခတ်ဖို့ နေရာယူ ရောက်ရှိနေချိန်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ယီမင်သတင်းတွေက ဖော်ပြပါတယ်။…

ရုရှားလေကြောင်းစစ်ဆင်ရေးအမိန့်ပေးတပ်မှူးနဲ့ တပ်ဖွဲ့ဝင်များသေဆုံးသည့်သတင်းထွက်ပေါ်လာ

ဇန်နဝါရီ ၁၄ ရက်နေ့က အဇောဗ်ပင်လယ်ပြင်မှာ ပစ်ခတ်ခံခဲ့ရတဲ့ ရုရှားလေကြောင်းစစ်ဆင်ရေး အမိန့်ပေးလေယာဥ် IL-22M ရဲ့ တပ်မှူး ဗစ်တာ ကလီမောဗ် သေဆုံးသွားပြီလို့ ရုရှား လေတပ်လူမှုကွန်ယက်သတင်းတွေက ဖော်ပြသလို သက်ဆိုင်ရာမိသားစုတွေကလည်း လူမှုကွန်ယက်မှာ နာရေးသတင်းအဖြစ် ဖော်ပြထားပါတယ်။ တပ်မှူး ကလီမောဗ်နဲ့အတူ စစ်ဆင်ရေးအမိန့်ပေးတပ်ဖွဲ့ဝင်၂ ဦးသေဆုံးခဲ့ ရကြောင်းလည်း လေတပ်လူမှုကွန်ယက် သတင်းတွေက ဖော်ပြပါတယ်။ အဇောဗ်ပင်လယ်ပြင်ကနေ ရုရှားနိုင်ငံ…

စစ်ကောင်စီတပ်သားများ အိန္ဒိယသို့ စခန်းစွန့် ထွက်ပြေးမှုများလာချိန်နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်တော့မည်ဟု အိန္ဒိယ ကြေညာ

အိန္ဒိယ−မြန်မာနယ်စပ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ရာနှင့်ချီ အိန္ဒိယဘက်သို့ နယ်စပ်ဖြတ် ထွက်ပြေးမှုများ များပြားလာပြီးနောက် နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်တော့မည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah က ပြောသည် “အိန္ဒိယ-မြန်မာနယ်စပ် တစ်ခုလုံးကို ခြံစည်းရိုးခတ်ဖို့ အစိုးရက ဆုံးဖြတ်ထားပါတယ်” ဟု အာသံပြည်နယ်သို့ Amit Shah အလည်အပတ် ရောက်ရှိစဉ် ပြောဆိုခဲ့သည်ဟု AFP…

You missed