ပြည်တင်းသတင်း

မြောက်ဦးမြို့ကို Arakan Army က သိမ်းပိုက်ပြီးနောက်စစ်ကောင်စီ၏ စ်တပ် ခမရ ၃၇၇-၃၇၈ တို့မှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်း ဓာတ်ပုံများကို ထုတ်ပြန်

မြောက်ဦးမြို့ကို AA က သိမ်းပိုက်ပြီးနောက် စစ်တပ် ခမရ ၃၇၇ နှှု့် ခမရ ၃၇၈ တို့မှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်း တောင်ပုံ ယာပုံ ဓာတ်ပုံများကို ထုတ်ပြန်လိုက်သည်။ ရက္ခိုင်ပြည်၊ မြောက်ဦးတွင် စစ်ကောင်စီ၏လက်ကျန်တစ်ခုတည်း စခန်းဖြစ်သော “ရဲတပ်ရင်း အမှတ် ၃၁ ” ကို ရက္ခိုင့်တပ်‌တော် AA က ဖေဖော် ဝါရီလ ၈ ရက်နေ့တွင် အပြီးသတ်ထိုးစစ်ဆင်တိုက်…

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသော အခြေအနေအရ ပြည်သူအားလုံး စစ်မှုထမ်းရေး မဖြစ်မနေ ကျင့်သုံးဖို့ လိုလာပြီး ပြည်သူများ ဂုဏ်ယူဝမ်းမြောက်စွာ ထမ်းဆောင်ကြဖို့ ဇော်မင်းထွန်း တိုက်တွန်းနေ

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေအရ ပြည်သူတွေအားလုံး စစ်မှုထမ်းရေး စနစ် မဖြစ်မနေ ကျင့်သုံးဖို့လိုလာပြီး ပြည်သူများ ဂုဏ်ယူဝမ်းမြောက်စွာ ထမ်းဆောင်ကြဖို့ အကြမ်းဖက် ဇော်မင်းထွန်း တိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေ အကြမ်းဖက် ဇော်မင်းထွန်းက အဲဒီလို တိုက်တွန်းနေတာဖြစ်ပါတယ်။ "ဒီနေ့ ဒီအချိန်အခါမှာလည်း ကျနော်တို့အနေဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ ပြည်သူ့စစ်မဟာဗျူဟာ ပြည်သူအားလုံးပါဝင်တဲ့ အမျိုးသားစစ်မှုထမ်းဟနစ် မဖြစ်မနေ…

တမူးမြို့တွင် ကိုထန်ဘွိုင်းကို ပျူစောထီးအဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းဖျောက်

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မ(၁၂/ခ)ရပ်ကွပ်မှာနေထိုင်တဲ့ လက်မင်ထန်(ခ) ကိုထန်ဘွိုင်း အသက် ၃၀ခန့်ကို ဖေဖော်ဝါရီ ၈ရက်နေ့က ပျူစောထီး ခေါင်းဆောင် ပန်းချီချမ်းမြေ့ တပည့်များက ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ ကိုထန်ဘွိုင်းဟာ မိုးရေးမြို့အနီးရှိ ကျေးရွာတစ်ရွာမှာ စစ်ဘေးရှောင်ခိုလှုံနေတာဖြစ်တယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ ၈ရက်နေမှာ သူနေထိုင်တဲ့ ရပ်ကွက်နေအိမ်မှာ မျောက်ငိုသီး သွားကောက်လို့ အပြန်မှာ တမူးမိုးရေးနယ်စပ် ၁၄တံတားမှာ ပျူအဖွဲ့ရဲ့အကြောင့်မဲ့ ဖမ်းဆီးခြင်းကိုခံရတာဖြစ်တယ်လို့…

YDF ရဲဘော်၂ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခိုင်းခဲ့သူလို့ နာမည်ထွက်နေတဲ့ ဒေါ်သီသီအေးဖမ်းဆီးခံရ

ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်၂ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခိုင်းခဲ့သူလို့ နာမည်ထွက်နေတဲ့ ဒေါ်သီသီအေး(ခ)မယ်သီကို ဖေဖော်ဝါရီ ၁၀ ရက် ယနေ့ မနက်ပိုင်းမှာ တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလမှာ စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့များက YDF ရဲဘော်ဖိုးတေနှင့်ရဲဘော်သားထောင်ကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပြီး ၎င်းသတ်ဖြတ်မှုနောက်ကွယ်ကြိုးကိုင်ခဲ့တဲ့လူတွေထဲမှာ ယနေ့မနက် အဖမ်းခံရတဲ့ ဒေါ်သီသီအေးလည်း ပါဝင်ပတ်သတ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ “သူက ညဆိုတပ်ထဲမှာအိပ်တယ် မနက်ဆိုပြန်တယ်။…

ခင်ဦးမြို့နယ် အနောက်ခြမ်းသို့ စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံ တစ်သောင်းနီးပါး စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံပြည်သူ တစ်သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း Khin U Dog Killer အဖွဲ့ထံမှ သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၅ ရက်)၊ မနက်ပိုင်းတွင် ရေဦးမြို့နယ် တိုင်းရင်းဆေးရုံမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ…

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့်တပ်ဖွဲ့ဝင် ၂၃၀ ဦးကျော် ရှိလာ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် AA ရက္ခိုင်တပ်တော် ၏ ထိုးစစ်ဆင်မှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းနှင့် တပ်ဖွဲ့ဝင် ၂၃၀ ကျော်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာများက သတင်းဖော်ပြသည်။ လက်ရှိတွင် မြန်မာဘက်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ဖြုတ်သိမ်းပြီး ယာယီခိုလှုံရာနေရာများဆီသို့ ရွှေ့ပြောင်းပေးနေကြောင်း၊ ယနေ့တွင်လည်း မြန်မာနယ်ခြားစောင့်ရဲ ၇ ဦး ဘင်္ဂလားဒေ့ရှ်ထဲသို့ ထပ်မံ ဝင်ပြေးလာကြောင်း၊…

ရခိုင်ပြည်၊ မင်းပြားမြို့က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀ ကျော် ရက္ခိုင့်တပ်တော် (AA) ထံအလင်းဝင်

ရခိုင်ပြည်၊ မင်းပြားမြို့ အခြေစိုက် စစ်ကောင်စီ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၆၀ ကျော်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့၊ မနက် ၉ နာရီ အချိန်မှာ ရက္ခိုင့်တပ်တော် (AA) ထံ အလင်းဝင်ရောက်လာကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ တိုက်ပွဲ ပြင်းထန်နေတဲ့ မင်းပြားမြို့မှာ မနေ့က စစ်ကောင်စီမှ ရဟတ်ယာဥ်ဖြင့် အကြိမ် ၃၀…

တော်လှန်‌ရေး ရဲဘော်နှစ်ဦးကို စစ်ကောင်စီနဲ့ ပျူစောထီး အဖွဲဝင်များက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာမှာ စစ်ကောင်စီနဲ့ ပျူစောထီး အဖွဲ့ဝင်များ က တော်လှန်ရေး ရဲဘော်နှစ်ဦးအား ဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ခဲ့တယ်လို့ Online ပေါ် ပြန့်နှံလာတဲ့ Video ဖိုင်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃၊ နိုဝင်ဘာလ ၇ ရက်နေ့က မြောက်ခင်ရန်းကျေးရွာရှိ ပျူစောထီး တပ်ဖွဲ့နဲ့ စစ်တပ် ကို တော်လှန်ရေး…

မြို့များကို သိမ်းပိုက်ထားသည့် TNLA က စစ်မှုထမ်းဥပဒေ ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့၇ မြို့ကို တိုက်ခိုက်သိမ်းယူထားသည့် တအာင်းအမျိုးသားတပ်မတော် (TNLA) က တအာင်းအမျိုးသားတိုင်း စစ်မှုထမ်းရမည့် ဥပဒေကို ဖေဖော်ဝါရီ ၄ တွင် တရားဝင်ထုတ်ပြန်လိုက်သည်။ အဆိုပါ ဥပဒေအရ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိသော တအာင်း/ပလောင် အမျိုးသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး ညီအစ်ကို နှစ်ဦးနှင့်အထက်ရှိသည့် တအာင်းမိသားစုတစ်စုလျှင် အမျိုးသားတစ်ဦး TNLA တပ်ဖွဲ့အတွင်း…

မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းအားလုံးကိုသိမ်းပိုက်ထိန်းချုပ်ပြီးဖြစ်​ကြောင်း AA တာဝန်ရှိသူ အတည်ပြု

ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းအားလုံးကို သိမ်းပိုက်ထိန်းချုပ်ပြီးဖြစ်ကြောင်းရက္ခိုင့်တပ်တော် (AA) ပြော ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောကြားသည်။ မင်းပြား၊ ကျောက်တော်နှင့်မြောက်ဦးမြို့များရှိ စစ်ကောင်စီတပ်ရင်းများကို AA က ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ဦးခိုင်သုခက ယနေ့ (​ဖေ​ဖော်ဝါရီ ၆ရက်) ညနေပိုင်း၌ဖြေကြားခြင်းဖြစ်သည်။ “မင်းပြားမြို့မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းတွေအားလုံးကို ကျနော်တို့ ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်။…

You missed