ပြည်တင်းသတင်း

ကျိုက်မရော၊ ချောင်းနှစ်ခွ နယ်မြေ ရဲစခန်းနှင့် တံတားဂိတ် စခန်း ၆ ရက်တာတိုက်ပွဲအတွင်း ဗိုလ်မှူး ၂ ဦး ၊ ဒုဗိုလ် ၃ ဦး အပါအဝင် စစ်သား ၂၂ ဦးသေဆုံးကာ ၂၈ ဦး လက်နက်ချ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ကျေးရွာ နယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို တိုက်ခိုက်မှုတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ၆ ရက်တာ တိုက်ပွဲအတွင်း ဗိုလ်မှူး၂ ဦး ၊ ဒုဗိုလ် ၃ ဦး အပါအဝင် ၂၂ ဦးသေဆုံးကာ ၂၈ ဦး လက်နက်ချ…

မိုးဗြဲမြို့ ‘၁၁.၁၁စစ်ဆင်ရေး’အတွင်း စစ်ကောင်စီ၏ပင်မတောင်ကုန်းနှင့် စခန်း ၈ခုကိုမဟာမိတ်အင်အားစုများ သိမ်းပိုက်

ကရင်နီ(ကယား) ပြည်နယ်၊ မိုးဗြဲမြို့ ၁၁.၁၁ စစ်ဆင်ရေး အတွင်း စစ်ကောင်စီ၏ အချက်အချာကျသည့် ပင်မတောင်ကုန်းနှင့် စခန်း ၈ ခုကို သိမ်းပိုက်ထားနိုင်ကြောင်း မိုးဗြဲ ၁၁.၁၁ စစ်ဆင်ရေး မဟာမိတ်အင်အားစုများက ယနေ့ အသိပေးထုတ်ပြန်သည်။ မိုးဗြဲနှင့် ဖယ်ခုံဒေသများအတွင်း အလယ်ပိုင်းတိုင်းစစ်ဒေသ၊ ရှမ်းတောင်ဗျူဟာ (၁)တပ်ရင်းများဖြစ်ကြသော (၁၀၀၁) တပ်ရင်းMB-1၊ (၁၀၀၂) တပ်ရင်း PK-1၊ (၁၀၀၆)…

တောင်ငူ အမှတ် (၂) ရဲစခန်းမှ ဒုရဲအုပ် အပါအဝင် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ မောင်တောတွင် လက်နက်မချသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်‌၊ ဇေယျဝတီမြို့တွင် တောင်ငူ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် နေဝန်းထွန်း အပါအဝင် ရဲ ၃ ဦး တော်လှန်ရေး အဖွဲ့များက ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ “ဇေယျဝတီက ရဲ ၂ ဦးလည်း သေတယ်။ ၁ ယောက်လွတ်သွားတယ်။ နေဝန်းထွန်း အလောင်းက အခုတောင်ငူအမှတ် ၂…

ကိုးကန့်ရှိ စစ်ကောင်စီတပ်စခန်း ၃ခု ထပ်မံသိမ်းပိုက်ရရှိဟု MNDAA ပြော

ကိုးကန့်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ယနေ့ ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပြသည်။ ၁၀၂၇ စစ်ဆင်ရေး ၂၀ ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၁၅ ရက်နေ့ စစ်ရေးအခြေအနေကို ၎င်းကပြောပြခြင်းဖြစ်သည်။ “ဒီနေ့ကတော့ စစ်ကောင်စီတပ်စခန်း ၃ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်။ နေရာကတော့ ကိုးကန့်ခရိုင်မြောက်ဘက်ပိုင်းမော်ထိုက်ဒေသပေါ့နော်။ အဲဒီအတွင်းမှာရှိတဲ့တပ်စခန်း ၃ခုပါ”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက…

လွိုင်ကော် “၁၁.၁၁ စစ်ဆင်ရေး” တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၃၈ ယောက် ၃၂ ဦး လက်နက်ချ အညံ့ခံ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၁၂၈ လက် နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းနိုင်

ကရင်နီပြည်နယ်၊ လွိုင်ကော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်များနှင့်တကွ လက်နက်ချ အညံ့ခံကြောင်း KNDF က တရားဝင်သတင်းထုတ်ပြန်သည်။ ကရင်နီပြည်နယ်တွင် “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်းက တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေးတွင် လွိုင်ကော်တက္ကသိုလ်ထဲ တပ်စွဲထားသော တပ်မ (၆၆) လက်အောက်ခံ ခမရ…

ဖလမ်းမြို့နယ်၊ စစ်ကောင်စီ၏ သီးဘွာလ်စခန်းကို CNDF က တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အမြောက်အများရရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ သီးဘွာလ် စစ်ကောင်စီတပ်စခန်းကို ယနေ့ (နိုဝင်ဘာ ၁၅ ရက်) မနက် ၅ နာရီကျော်ခန့်တွင် CNO / CNDF တပ်ဖွဲ့မှ တိုက်ခိုက်သိမ်း လိုက်ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း CNDF သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုနှင့် လက်နက်သိမ်းဆည်းရရှိမှုအရေအတွက်ကို…

စစ်ကောင်စီ လေတပ်အတွက် စစ်ပစ္စည်းများ တင်သွင်းနေသူ စီးပွားရေးသမား အောင်ကျော်မြင့် ချင်းရွှေဟော်တွင် ပစ်ခတ်ခံရပြီး သေဆုံး

အကြမ်းဖက်စစ်တပ် ဒေါက်တိုင် အာဏာရှင်ဟောင်း‌ အေးနေဝင်းနှင့်စီးပွားဘက်လည်းဖြစ်၊ လေတပ်အတွက် စစ်ပစ္စည်းများ တင်သွင်းပေးနေသူလည်းဖြစ်သူ လုပ်ငန်းရှင် အောင်ကျော်မြင့်သည် ရှမ်းပြည်နယ် မြောက်ပိုင်း ချင်းရွှေဟော်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ အောက်တိုဘာလ ၂၇ ရက်၊ ၂၈ ရက်ဝန်းကျင် မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်များက ချင်းရွှေဟော်မြို့ကို စီးနင်းနေစဉ် လုပ်ငန်းရှင် အောင်ကျော်မြင့်သည် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များနှင့်အတူ ရှိနေစဉ် ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊…

ရခိုင်တွင်တိုက်ပွဲစတင်သည့် တစ်ရက်အတွင်း စစ်ကောင်စီစခန်းပေါင်း (၄၀) နီးပါး စွန့်လွှတ်ထားရဟုဆို

ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်သည့် တစ်ရက်တာအတွင်း စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းနှင့် ရဲစခန်း စုစုပေါင်း (၄၀) နီးပါးကို စွန့်လွှတ်ထားရကြောင်း ရက္ခိုင့်တပ်တော် AA ထံက သိရသည်။ “ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက်စခန်းတွေကို သိမ်းပိုက်ရထားတာတွေရှိတယ်။ နောက် ထပ်လည်း ဒီနေ့ မနက် ၇ နာရီလောက်မှာ ချိန်ခါလီ နယ်ခြားစောင့်စခန်းကို အပြီးသိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒုံးပိုက်စခန်းကတော့ မနေ့ကတည်းက…

ကိုးကန့်နှင့် တန့်ယန်းရှိ စစ်ကောင်စီစခန်း၂ခု ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၂၇စစ်ဆင်ရေး အတွင်း သိမ်းရသည့်တပ်စခန်းပေါင်း ၁၇၈ ခုအထိရှိလာ

ကိုးကန့်ခရိုင် ရှီးရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ယနေ့(နိုဝင်ဘာ ၁၄ရက်)တွင် ထပ်မံ သိမ်းပိုက်ရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။ "ဒီနေ့ကတော့ ထွေထွေထူးထူး တိုက်ပွဲအများကြီးမရှိဘူး။ ဒီနေ့က ရှီးရှမ်းဒေသ ဟွာရှီပန်ရွာအနီးရှိ တပ်စခန်းတစ်ခုကိုတော့ ကျနော်တို့သိမ်းပိုက်ရရှိခဲ့တယ်" ဟု MNDAA ပြောရေး ဆိုခွင့်ရှိသူက ၁၀၂၇ စစ်ဆင်ရေး ၁၉ရက်မြောက်နေ့ဖြစ်သည့် ယနေ့ စစ်ရေး အခြေအနေကို…

ရှမ်းမြောက် တာမိုးညဲဒေသ တက္ကနိုင်း စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်ပြီး စစ်ကောင်စီတပ် ၂၀ကျော်သေ၊လက်နက်ကြီး၊ လက်နက်ငယ် ၂၀ကျော်ရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသ တက္ကနိုင်းအခြေစိုက် စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယမန်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ခလရ(၁၂၃) တပ်ရင်း အထိုင်စခန်းဖြစ်သည့် အဆိုပါတပ်စခန်းကို နိုဝင်ဘာ ၁၂ရက်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။ "မနေ့က ၁၃ရက်နေ့ ၁၂နာရီခွဲမှာ စခန်းကို အပြီးတက်သိမ်းပိုက်နိုင်ခဲ့တယ်။ စစ်ကောင်စီ ၂၀ကျော်သေတယ်" ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အဆိုပါတိုက်ပွဲ၌…

You missed