ပြည်တင်းသတင်း

မူဆယ် ၁၀၅ မိုင်ဗျူဟာကုန်း စခန်း ကုန်သွယ်ရေးဇုန်ကို ညီနောင် မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက် ထိန်းချုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသော ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တစ်ခုလုံးကို ယနေ့ (ဒီဇင်ဘာ ၁၅) နံနက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ထိန်းချုပ်လိုက်ကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့က တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ပြီးနောက် မူဆယ်မြို့အရှေ့ဘက် ၆ မိုင်ခန့်အကွာ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီ လက်ကျန်ဗျူဟာကုန်းတပ်စခန်းကို ယနေ့…

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ကို သိမ်းပိုက်ရရှိပြီဟု TNLA အတည်ပြု

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ နမ့်ဆန်မြို့မရဲစခန်းကို TNLA က သိမ်းပိုက်စဉ် ထွက်ပြေးသွားသော ဒုတိယရဲမှူးကြီး ထွန်းစိုးသိန်း ဦးစီးသော အင်အား၂၀ ပါဝင် စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်း မှ ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော အင်အား၂၀ ဦးနီးပါး ပါဝင် စစ်ကြောင်းမှ စစ်သားနှင့်ရဲများအားလုံး စုစုပေါင်း ၄၀ ဝန်းကျင် ယမန်နေ့ တိုက်ပွဲတွင် သေဆုံးသွားကြောင်း သိရှိရသည်။…

လွိုင်ကော်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ယနေ့ သိမ်းပိုက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ၁၀ရက်) နံ နက် ၄နာရီခန့်မှစတင်ကာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း KNDFစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ မနက် ၄နာရီလောက်ကဝင်တိုက်တာပါ။ မနက် ၉နာရီ ၁၅မိနစ်ဝန်းကျင်မှာ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းနိုင်တာပါ” ဟု ၎င်းက ပြောသည်။ KNDF တပ်ခွဲမှူးတစ်ဦးကလည်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းလိုက်နိုင်ပြီဖြစ်ကြောင်း…

လောက်ကိုင်နယ်စပ်မျဉ်းရှိ တပ်စခန်းအပါအဝင်စစ်ကောင်စီစခန်း၂ခု ယနေ့ သိမ်းပိုက်နိုင် ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှ ယနေ့အထိ စစ်ကောင်စီတပ်စခန်း ၂၁၀ ခုကို ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။ ၁၀၂၇စစ်ဆင်ရေး နိုဝင်ဘာ ၂၂ရက် စစ်ရေးသတင်းကို မေးမြန်းရာ စခန်းသိမ်းပိုက်ရရှိမှုကို အသိပေးခြင်းဖြစ်သည်။ " ဒီနေ့က တုန်းရှမ်းဒေသပေါ့။ နေရာကတော့ လောက်ကိုင်မြို့ အရှေ့ဘက်ခြမ်း နယ်စပ်မျဉ်းနားလောက်မှာရှိတဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်ဗျ။ အဲဒီနားလေးမှာ ရင့်ရှိ ဆိုတဲ့ တောင်ကုန်းရှိတယ်။ အဲဒီတောင်ကုန်းပေါ်မှာရှိတဲ့…

ရွှေပြည်အေးမြို့ တိုက်ပွဲတွင် စစ်သုံ့ပန်း ၈ ဦးဖမ်းဆီးရမိ၊ မြို့သိမ်းနိုင်ရန် စခန်းငယ်တစ်ခုသာကျန်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ရွှေပြည်အေးမြို့အား ယနေ့(နိုဝင်ဘာ ၂၃ရက်)၊ မနက်အစောပိုင်းမှ စတင်ကာPDF ပူးပေါင်း တပ်များက တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း ၈ ဦးဖမ်းဆီးရမိခဲ့ကာ၊ မြို့သိမ်းနိုင်ရန် စခန်းငယ်တစ်ခုသာကျန်ရှိတော့ကြောင်း ခန္တီးခရိုင် ပကဖထံမှ သိရသည်။ ” ဒီနေ့ ရွှေပြည်အေးမြို့က စစ်ကောင်စီတပ်၊ ပြည်သူ့စစ်၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တပ်အထိုင်စခန်း တွေကို လေကြောင်းတိုက်ခိုက်မှု တွေကြားကနေ ကျတော်တို့ ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။…

ကလေးမြို့ရှိ စစ်ကောင်စီ၏ ရန်ကြီးအောင်စခန်းအား PDF သိမ်းပိုက်၊ လက်နက်အများအပြားသိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ကောင်စီတပ်၏ ရန်ကြီးအောင် စခန်းအား ယနေ့ (နို၀င်ဘာ ၂၃ ရက်) မနက်ပိုင်းတွင် PDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့နယ်၊ ပကဖ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ ရန်ကြီးအောင်စခန်းကို နိုဝင်ဘာ ၂၀ ရက်မှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုများပြားခဲ့ကာ၊ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှလည် ကျဆုံးမှုများရှိခဲ့ကြောင်း…

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၅၀ ကျော်ကို ကိုးကန့် MNDAAတပ်ဖွဲ့က သိမ်းပိုက်ရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၅၀ ကျော်ကို ကိုးကန့် MNDAAတပ်ဖွဲ့က သိမ်းပိုက်ရရှိထားကြောင်း MNDAA က တရားဝင်သတင်းထုတ်ပြန်သည်။ ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး Operation၂၁ ရက်မြောက်အဖြစ် ကိုးကန့်တုန်းရှမ်းဒေသ ခုတ်ထန်နေရာရှိ စစ်ကောင်စီတပ် စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယမန် နေ့နံနက် ၅ နာရီ ၃၀ မိနစ်…

KNPP နဲ့ PDF ဆီပို့မယ့် လက်နက်ခဲ့ယမ်း အမြောက်အမြား စစ်ကောင်စီဖမ်းဆီးရမိ

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဆီပို့မယ့် လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က နိုဝင်ဘာလ ၁၇ ရက်ညပိုင်း သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့၊ ပန်မုန့်အုပ်စု၊ လွယ်တပ်ရွာမှာရှိတဲ့ New Power စက်သုံးဆီ ဆိုင်ပိုင်ရှင် ခွန်သောင်းထွန်းကို စတင် ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးချက်တွေအရ…

မိုးဗြဲ-ဖယ်ခုံရှိ စစ်ကောင်စီ၏ စက်တော်စေတီ ဗျူဟာကုန်း နှင့် တပ်စခန်း ၈ခုကို သိမ်းပိုက်နိုင်၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းဆည်းရရှိသော လက်နက်များ ထုတ်ပြန်

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲ - ဖယ်ခုံရှိ စစ်ကောင်စီ၏ စက်တော်စေတီ ဗျူဟာကုန်း နှင့် တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ဟု တော်လှန်ရေးတပ်ပေါင်းစုက ယနေ့ ကြေညာကြောင်း မြို့ပြတော် လှန်ရေးတပ်ဦး (U.R.F)မှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ နိုဝင်ဘာလ ၁၅ ရက်တွင် အမှတ်၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ-၂) လက်အောက်ရှိ…

ခမ်းပတ်မြို့၊ မြောက်စည်းရဲစခန်းနှင့် သီးဘွာလ်စခန်းတို့အား ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုသော အားဖြင့်တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံး

၁၀၂၇ စစ်ဆင်ရေးမှ အစပြု၍ ပြည်ထောင်စုတစ်ဝန်းလုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှ CNDF Special Operation (အထူးစစ် ဆင်ရေး)ကို မဟာဗျူဟာကျကျချမှတ်ရေးဆွဲခဲ့ပြီး ခမ်းပတ်မြို့၊ မြောက် စည်းရဲစခန်းနှင့် သီးဘွာလ် စစ်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် – CNOက ထုတ်ပြန်သည်။ နိုဝင်ဘာလ ၃ ရက် နံနက် ၄…

You missed