အာရက္ခတပ်တော် (အေအေ) ယူနီဖောင်း ဝတ်ဆင်သူတချို့က စစ်သုံ့ပန်း နှစ်ဦးကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှု နိုင်ငံ တကာစစ်ရာဇဝတ်ခုံရုံး (ICC) က စုံစစ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့အစည်းဖြစ်တဲ့ Fortify Rights က ဒီနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ထုတ်ပြန်လိုက်ပါတယ်။ ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင် မှတ်တမ်းအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူ စစ်သုံ့ပန်း နှစ်ဦးကို အေအေ ယူနီဖောင်း ဝတ်ဆင်ထားသူ တချို့က ညှဥ်းပမ်းနှိပ်စက်ပြီး လည်ပင်းလှီးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ဗီဒီယိုဖိုင်ကို Fortify Rights က စိစစ်လေ့လာရာ သူတို့တွေဟာ စစ်မှန်မှုရှိနေကြောင်း ယုံကြည်တယ်လို့ ဆိုထားပါတယ်။ ဗီဒီယိုထဲမှာ ပြစ်မှုကျူးလွန်သူတွေဟာ အေအေ ယူနီဖောင်း ဝတ်ဆင်တာ တွေ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့ပြောစကားမှာ အေအေ အရာရှိ တပ်မှူးတစ်ဦးက သုံ့ပန်းနှစ်ဦးကို သတ်ပစ်ဖို့ အမိန့်ပေးထားနိုင်ကြောင်းလည်း တွေ့ရှိရတယ်လို့ Fortify Rights က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်မှာ နှစ်မိနစ် နဲ့ ၅၂ စက္ကန့်ကြာရှိတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ တွေ့မြင်ရတာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်မှာ ၃ မိနစ်နဲ့ စက္ကန် ၂၀ ကြာရှိတဲ့ ဒုတိယ ဗီဒိယိုဖိုင် တစ်ခုကို Fortify Rights ဆီ ပေးပို့လာတယ်လို့ ဆိုပါတယ်။ Fortify Rights က ရရှိထားတဲ့ ဗီဒီယိုမှတ်တမ်းရှည်ထဲမှာ အေအေ ယူနီဖောင်းဝတ်ဆင်ထားသူတွေက ညဉ်းပမ်းနှိပ်စက်ခံရသူ နှစ်ဦးရဲ့မျက်နှာ၊ ကျောကုန်းနဲ့ ဦးခေါင်းနေရာတွေကို ၁၂ ချက်ထက်မနည်းကန်ကျောက်ခဲ့ပြီး မြေကျင်းရှေ့မှာ ဒူးထောက်ထိုင်ခိုင်းထားတယ်လို့ သိရပါတယ်။

အဲ့ဒီဗီဒီယိုပါ အချက်အလက်အရ နှိပ်စက်ခံထားရသူ နှစ်ဟာ သူတို့ရရှိတဲ့ ဒဏ်ရာတွေကြောင့် အသက်ရှင်နိုင်ဖွယ် မရှိဘူးလို့ Fortify Right က ဆိုပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ အေအေက ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်များကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) Fortify Rights မှ တောင်းဆိုထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed