အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆဲရ်ချီပ် (Serchhip) ခရိုင်မှာ မြန်မာနိုင်ငံကို ပို့ဆောင်ဖို့တင်ဆောင်လာတဲ့ မိုင်း နဲ့ ဆက်စပ်ပစ္စည်းအများအပြားကို တာဝန်ရှိသူများက ဒီကနေ့ နိုဝင်ဘာလ ၆ ရက်နေ့ မနက် ၄ နာရီက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ကပ်ကားတစ်စီးကို ဖမ်းဆီးထားပါတယ်။ ဆဲရ်ချီပ် (Serchhip) ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့များဟာ သူတို့ကြိုတင်ရရှိထားတဲ့သတင်းအရ စစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ရာ ဆဲရ်ချီပ် (Serchhip)မြို့အနီး Sailiamkawn စစ်ဆေးရေးဂိတ်မှာ Yodha အမျိုးအစား ကားတစ်စီးကို တာစီးစစ်ဆေးခဲ့ပြီးနောက် အဆိုပါမိုင်းနဲ့ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးခဲ့တာဖြစ်ပါ တယ်။

မိုင်းနဲ့ ဆက်စပ်ပစ္စည်းများကို လုံလေခရိုင်၊ ထင်းရှိင်းဒေသခံနှစ်ဦးက သယ်ဆောင်လာတာဖြစ်ပြီးတော့ မိုင်း ထုပ် ၄၈ ထုပ်၊ ဖောက်ခွဲစက် ထုပ်ပေါင်း ၉၄ ထုပ် နဲ့ မိုင်းကြိုးလို့ယူဆရတဲ့ မီးကြိုး ငါးခွေ (Gelatin 48 boxes, Detonator 94 boxes, Coils Fuse – 5) တို့ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဆိုပါ မိုင်းနဲ့ ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံထဲကိုပို့ဆောင်ဖို့ သယ်ဆောင်လာတာဖြစ်တယ်လို့ ဖမ်းဆီးခံရ တဲ့သူတွေက ထွက်ဆိုထားတယ်လို့ ဒေသတွင်းသတင်းကဖော်ပြထားပါတယ်။ မိုင်းနဲ့ ဆက်စပ်ပစ္စည်းများနဲ့ ဖမ်းဆီးခံရတဲ့သူများကို ဆဲရ်ချီပ် (Serchhip) ရဲတပ်ဖွဲ့ကအမှုဖွင့်ထားပြီးတော့ သူတို့နဲ့ ပက်သက်စပ်နွယ်သူများကို လိုက်လံစုံစမ်းနေပါတယ်။ သူတို့နှစ်ဦးကိုတော့ ဒီကနေ့မှာတရားရုံးပို့ဆောင်မယ်လို့ သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed