July 23, 2023 || Tongsan Media Group ||

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ တင်းချောင်းအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း CDF Kanpetlet ထံမှ သိရသည်။ ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မှ စတင်ကာ ၁ နာရီ ၃၀ မိနစ်ထိ ကန်ပက်လက်မြို့မှ တပ်ချိန်းပြီးပြန်လာသည့် အကြမ်းဖက် စစ်တပ်နှင့် CDF Kanpetlet တို့ ပါကွန်းကျေးရွာ အောက်ဘက်ရှိ တင်းချောင်းအနီးတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ အများအပြား ဒဏ်ရာရရှိကာ ၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိကာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း CDF Kanpetlet က ထုတ်ပြန်ထားသည်။

Source: Khit Thit Media

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *