စစ်အုပ်စုက တီးတိန်ကိုစစ်ကြောင်းထိုးရာမှာ လမ်းပြအဖြစ် ဖမ်းဆီးခံရသူ ၁၆ ဦးကို PDF Zoland ကယ်ထုတ်
ချင်းပြည် တီးတိန်မြို့နယ်မှာ စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်ချိန် လမ်းပြဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၆ ဦးကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၆ ရက်မှာ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖမ်းဆီးခံခားရသူတွေဟာ တီးတိန်မြို့နယ် ဆွောင်းပီးကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ တီးတိန်-သိုင်းငင်း - ကလေးလမ်းမကြီးအတိုင်း စစ်အုပ်စုစစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာ…
ရွှေဘိုမှာ တော်လှန်ရေးတပ်ကင်းစခန်းတခု စီးနင်းခံရပြီး ရဲဘော် ၇ ဦး ကျဆုံး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ကင်းစခန်းတစ်ခု စီးနင်းခံရပြီး ရဲဘော် ၇ဦးသတ်ဖြတ်ခံလိုက်ရကြောင်း သတင်းရရှိပါတယ်။ နိုဝင်ဘာ ၆ရက် မနက်ပိုင်းမှာ ရွှေဘိုမြို့နယ် တနေရာရှိ နယ်မြေခံကင်းစခန်းတခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီနောက် စခန်းရှိရဲဘော် ၇ ဦးအား အရှင်ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ "စစ်ကြောင်းကနေ ဆက်တက်ပြီးမှ ပြန်ဝင်တာဆိုတော့ ကင်းလောက်ပဲ…
ZIUSA က ZRA-EC နှင့် လက်တွဲနေတဲ့ Zomi Political Coordination Committee (ZPCC), Zogam Charter များနှင့် ပတ်သက်ခြင်း မရှိတော့ကြောင်းသတင်းထုတ်ပြန်
အမေရိကန်ရှိ ဇိုမီးလူများစုစည်းထားတဲ့ အဖွဲ့အစည်းကြီးတခုဖြစ်တဲ့ Zomi Innkuan USA Inc., (ZIUSA) [Zomi Community USA] က ZRA-EC နှင့် လက်တွဲနေတဲ့ Zomi Political Coordination Committee (ZPCC) နှင့် ဆက်သွယ်ခြင်း ပတ်သက်ခြင်း မရှိတော့ကြောင်း၊ ၄င်းတို့ထုတ်ပြန်ထားတဲ့ Zogam Charter ထောက်ခံခြင်း အားပေးခြင်း (endorsement)…
မြဝတီမြို့နယ်၊ လေးကေ့ကော် သို့ ဝင်ရောက်လာသော စစ်ကောင်စီ စစ်တပ် အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော် မှာ စစ်ကောင်စီ စစ်ကြောင်းတွေကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၃၁ ရက်မှာ တိုက်ခိုက်ခဲ့ရာ (SAM) တပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး ခဲယမ်းမီးကျောက် အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ စစ်တပ်က ရွေးကောက်ပွဲဖြစ်မြောက်ဖို့ သာလွန်လူအင်းအား၊ နည်းပညာမြင့် Drone တွေ၊ လက်နက်ကြီးပစ်ကူတွေ၊ တာဝေးပစ် ဒုံးကျည်…
ကလေး တောင်ပိုင်းနဲ့ တီးတိန်မြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ၊ ဒေသခံ ၂၀ ကျော် သတ်ဖြတ်ခံထားရပြီး ကျေးရွာတွေက ဒေသခံသောင်းနဲ့ချီ စစ်ရှောင်နေရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာအနီးမှာ စစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုတပ်တွေက ကလေးမြို့နယ် အဓိက ဝင်ပေါက် ကားလမ်းမကြီးတွေ ဖြစ်တဲ့ ကလေး -တမူး လမ်း ၊ ကလေး - ဂန့်ဂေါလမ်း ၊ ကလေး - တီးတိန်-…
မောင်းမကန်ရဲစခန်း တိုက်ခိုက်သိမ်းပိုက်မှု စကစ ၁၂ ဦးသေဆုံးပြီး လက်နက် ၂၁ လက်သိမ်းဆည်းရရှိ
တနင်္သာရီဒေသ၊ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မောင်းမကန် နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အောက်တိုဘာ ၂၆ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စကစ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၂၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ မောင်းမကန်နယ်မြေရဲစခန်းကို မနက် ၅ နာရီခွဲမှာ စတင်တိုက်ခိုက်ခဲ့ရာ ၉ နာရီခွဲခန့်မှာ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၁၂…
ကလေးမြို့နယ်၊ သံဖိုရွာနဲ့ ဟားခါးလေးရွာကို စစ်ကောင်စီ မီးရှို့
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သံဖိုကျေးရွာနဲ့ ဟားခါးလေးကျေးရွာတွေကို စစ်ကောင်စီ စစ်ကြောင်းက အောက်တိုဘာ ၃၁ ရက်နေ့မှာ နေအိမ်တွေကို ၀င်ရောက်မီးရှို့နေတယ်လို့ သိရပါတယ်။ ကလေးမြို့နယ် တောင်ပိုင်းကို ထိုးစစ်ဆင်နေတဲ့ အင် အား နှစ်ရာ၀န်းကျင်ပါ စစ်ကြောင်းဟာ အောင်ချမ်းသာရွာကနေ သံဖိုရွာကို စစ်ကြောင်းထိုးမီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဟားခါးလေးရွာ က နေအိမ် ၅လုံးလောက် ၀င်ရောက်မီးရှို့ခဲ့ပြီး ဒီနေ့မှာတော့…
ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်
ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦးကယ်ထုတ်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး - CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောကြားသည်။ အောက်တိုဘာလ ၁၆ ရက် နံနက် ၃ နာရီမှ ၄ နာရီကြားတွင် ဟားခါးမြို့ပေါ်ရှိ…
လက်ပံတန်းတွင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ ၁၅ ဦး သေဆုံးပြီး ၁၂ဦးဖမ်းမိ
ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်တွင်းရှိ သရက်ချောင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများကို အောက်တိုဘာ ၁၅ရက် နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၅ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂ဦးကို ဖမ်းဆီးရမိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ထိုစစ်ကြောင်းတွင် ပြည်သူ့စစ်များနှင့် ရဲများလည်းပါဝင်ပြီး တိုက်ပွဲကြာချိန်သည် တစ်နာရီခွဲကျော်ကြာမြင့်ခဲ့ကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးက ပြောသည်။ တိုက်ပွဲအတွင်း လက်နက်အစုံ…
လုပ်ကြံခံခဲ့ရတဲ့ နိုင်ငံရေး မဟာမိတ်အတွက် ဂုဏ်ပြုဆုတံဆိပ်ကို ထရမ့်ချီးမြှင့်
လုပ်ကြံ ခံရပြီး ကွယ်လွန်ခဲ့သူ နိုင်ငံရေးမဟာမိတ် ချာလီကာ့ခ်အတွက် အရပ်ဖက်ဆိုင်ရာ အမြင့်ဆုံး ဂုဏ်ပြုဆုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့ပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့က အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ကာ့ခ်အစား ကျန်ရစ်သူ ဇနီးသည် အဲရစ်ကာ ကာ့ခ်ကို ထရမ့်ကသမ္မတရဲ့ လွတ်လပ်ရေး ဂုဏ်ပြုဆုတံဆိပ် (Presidential Medal of Freedom)ကို…