June 19, 2023 || Tongsan Media Group Inc. ||

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်တပ်နှင့် ရဲ ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဇွန် ၁၉) နံနက်ပိုင်းတွင် ပန်းပန်ထားသူနှင့် ပန်းရောင်းသူ အမျိုးသမီး ၄၀ ခန့်ကို ဖမ်းဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ မြို့မဈေးအပါအဝင် မြို့တွင်း လူစည်ကားရာနေရာများတွင် ထိုသို့ ဖမ်းဆီးကာ မြို့မရဲစခန်းတွင် စစ်ဆေးနေသည်။ နှင်းဆီပန်း ပန်သူများကို အဓိကဖမ်းဆီးသည်ဟု ကလေးမြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“၁၂ နာရီ နောက်ဆုံးပိတ် ကြားရသလောက်တော့ ၄၀ ကျော်လောက် ပါသွားတယ်။ စံပယ်ပန်း ပန်တဲ့သူတွေတော့ လွတ်တယ်။ နှင်းဆီပန်း ပန်တဲ့သူတွေတော့ မလွတ်သေးဘူး။ မေးတုန်းလို့ ကြားတယ်။ ဈေးဆိုင်တွေနဲ့ လမ်းပေါ်က လူတွေကို ဖမ်းတာ” ဟု သူက ပြောသည်။

“ဈေးအပြင်မှာ ဆိုင်ခန်းတိုက်ခန်းလေး တစ်ခန်းချင်းလေးတွေ။ ဈေးရောင်းခုံမှာ ဒီအတိုင်း ထိုင်နေတာ။ ဝင်ဖမ်းသွားတာ ဘာမှမပြောဘူး။ မေးစရာရှိလို့ လိုက်ခဲ့ပေးပါဦးဆိုပြီး ခေါ်သွားတာ။ အရင်လည်း ပန်တယ်။ ဒီနေ့ကတော့ သူ (ဖမ်းခံရသူ) က နှင်းဆီပန်းအနီ ပန်လိုက်တယ် ပြောတယ်”ပြန်လွှတ်ပေးသူတချို့ ရှိသည်ဟု ကြားရသော်လည်း ဖမ်းဆီးခံရသူနှင့် ပြန်လွတ်သူအရေအတွက် အတိအကျ မသိရသေးကြောင်း သပိတ်ကော်မတီဝင်များက ဆိုကြသည်။

ယနေ့ (ဇွန် ၁၉) သည် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသော၊ ပန်းပန်ဆင်လေ့ရှိသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး ယနေ့တွင် ဘုရားပန်း ကပ်လှူခြင်း၊ ပန်းပန်ခြင်း၊ ပန်းအလှဆင်ခြင်း၊ ပန်းသပိတ်လှုပ်ရှားမှုများ ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားကြသည်။

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများ၊ စစ်ကိုင်းတိုင်းကဲ့သို့ တော်လှန်ရေးအားကောင်းသည့် မြို့နယ်များတွင် ပန်းပန်ဆင်ခြင်း၊ ချီတက်ဆန္ဒပြခြင်း၊ ပန်းသပိတ်လှုပ်ရှားမှုများဖြင့် စစ်ကောင်စီကို လက်မခံကြောင်း ဆန္ဒပြနေကြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ယနေ့တွင် ပန်းပန်ဆင်သူများ၊ ပန်းရောင်းချသူများကို ပန်းမပန်ရန် ဖိအားပေး ခြိမ်းခြောက်မှုများ၊ ဖမ်းဆီးမှုများ ပြုလုပ်နေသည်။ ပန်းပန်ရုံမျှဖြင့် ဖမ်းဆီးသည့် စစ်ကောင်စီ၏ လုပ်ရပ်မှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ကလေးမြို့နယ် ဒေသခံများက ဆိုသည်။

“လူထုခေါင်းဆောင်ဒေါ်ဆောင်ဆန်းစုကြည်မွေးနေ့နဲ့အတူ လူထုအုံကြွလာမှာ၊ လူထုအနေနဲ့ ပန်းသပိတ်အပါအဝင် စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာမှာကို ရန်သူ့တပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီနေ့အချိန်ထိ ကြောက်ရွံ့တုန်းဆိုတာကို ပန်းပန်တဲ့ပြည်သူကို ဖမ်းဆီးတဲ့လုပ်ရပ်က သက်သေပြတယ်လို့ မြင်တယ်” ဟု ကလေးမြို့နယ်သပိတ်ကော်မတီဝင် ကိုဗိုက်ပူက မှတ်ချက်ပြုသည်။

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အစပ် ကလေးမြို့နယ်သည် လက်နက်ကိုင်ခုခံမှုသာမက နိုင်ငံရေးအရ အန်တုသည့် ဆန္ဒပြပွဲများ အားကောင်းသည့်ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် ဧပြီ ၁၆ အထိ ရက်ပေါင်း ၈၀၀ နေ့စဉ်မပျက် စစ်ကောင်စီကို လမ်းပေါ်ထွက် ချီတက်လှုပ်ရှားခဲ့ရာမြို့နယ်ဖြစ်သည်။

ကလေးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၄၀၀ အနက် ဆန္ဒပြပွဲများနှင့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပတ်သက်သူ ၁၀၀ ကျော် ပါဝင်ကြောင်း မြို့နယ်သပိတ်ကော်မတီထံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီက ပုဒ်မမျိုးစုံဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ကျရောက်သည့် ၇၈ နှစ်ပြည့် မွေးနေ့ကို နေပြည်တော်အချုပ်ထောင်တွင် တစ်ကိုယ်တည်း ဖြတ်သန်းလျက်ရှိသည်။

English Version:

About 40 Women were arrested for offering flowers in Kale:

Sagaing Division According to local residents, the military and police joint forces in Kale town arrested about 40 flower-hanging and flower-selling women this morning (June 19). He was arrested in crowded places in the city, including the city market, and is being examined at the city police station. A member of the anti-dictatorship strike in Kale Township told Myanmar Now that the main arrests were those asking for rose flowers.

“As far as I heard about the last closing at 12 o’clock, there were more than 40 people. Those who ask for jasmine flowers are free. Those who have received roses have not yet been spared. I heard you still ask. Arresting people in shops and on the street,” he said.

“Outside the market, there are shops and apartments with one room each. Sitting like this at the market stall. He did not say anything when he was arrested. I asked him to follow me because he had a question. I apologize before. Today, he (arrested) said, “I heard that there are some people who have been released, but the strike committee members said that the exact number of those who were arrested and those who were released is not yet known.

Today (June 19) the military council arrested and detained; Today is the 78th birthday of State Counselor Daw Aung San Suu Kyi, who often presents flowers. flowers flower decoration The revolutionary forces have called for a flower strike.

Yangon, Big cities including Mandalay In townships with a strong revolution, such as Sagaing, flower-painting; marching and protesting They are protesting that they do not accept the military council with flower strike movements.

The members of the Military Council today also present flowers and Threats to pressure flower sellers not to sell flowers. Arrests are being made. Residents of Kale Township said that the military council’s action of arresting people with mere flowers is unacceptable.

“There will be a public uprising with the birthday of public leader Daw Song San Suu Kyi. “I see that the arrest of the flower pickers proves that the enemy forces are still afraid that the public will participate in activities against the military council, including the flower strike,” said Ko Vaipu, a member of the Kale Township strike committee.

Kale Township, bordering Sagaing Division and Chin State, is an area where not only armed resistance but also political defiance protests are strong. Until April 16 this year, 800 non-stop military council marches took place on the streets.

According to the township strike committee, among the 400 people arrested and detained for anti-military activities in Kale Township, more than 100 are directly (or indirectly) involved in the protests.

State Counselor Daw Aung San Suu Kyi, who was sentenced to 33 years in prison on various charges by the coup military council, is spending her 78th birthday today alone in Nay Pyi Taw Prison.

Source: People’s Spring

Posted: Tongsan Media Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *