စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် စခန်းကြီးရွာဝန်းကျင်တွင် စစ်ကောင်စီ၏ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဇွန်လ ၁၆ ရက် နံနက်ပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ကလေးဝမြို့မှ မင်းကင်းမြို့နယ်သို့ ယာကြီးလမ်းအတိုင်း လူ၊ လက်နက်နှင့် ရိက္ခာပို့ရန်လာသော Faw ကား ၃ စီးပါ ခမရ (၃၆၂) စစ်ကြောင်းကို PDF ကလေးခရိုင်း အမှတ် (၉) တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲ သည် နံနက် ၇ နာရီ ၄၅ မိနစ်တွင်စတင်ပြီး ၉ နာရီ ၃၀ မိနစ်တွင် PDF များ တပ်ပြန်ဆုတ်သဖြင့် ပြီးဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ စစ်ကောင်စီစစ်ကြောင်းတွင် စစ်သားများအပြင် ရဲနှင့် ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်ပြီး စုစုပေါင်း အင်အား ၁၃၀ ခန့်ရှိကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ တိုက်ပွဲအတွင်း PDF များဘက်က ထိခိုက်ကျဆုံးမှုမရှိကြောင်း စစ်ကောင်စီတပ်ဘက်က ကျဆုံးမှုကို စီစစ်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တိုက်ပွဲအတွင်း Faw ကား(၂)စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သလို MA-(11) (၂)လက်၊ G-3 (၂)လက်၊ MA-11 ကျည်ဘောက် (၃)ခု၊ G-3 ကျည်ဘောက် (၆)ခု၊ MG (3) ငါးကြင်းမြှီးစက်သေနတ် (၁)လက်၊ MA-7 60 MM တာဝေးစိန်ပြောင်း (၁)လက်၊ ၆၀ မမ ဗုံးသီးများ၊ RPG ထိပ်ဖူး(၅)လုံး၊ အီနာဂါ ဗုံးသီး(၅) လုံး၊ .38 Webly Wesson (၆)လုံးပြူး (၁)လက်၊ Jammer (၁) လုံး၊ M-14 နင်းမိုင်း (၂)လုံး၊ လက်ပစ်ဗုံး အလုံး (၃၀)ကျော်၊ ကျည်ဆံများနှင့် တခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

English Version:

A Military Council Column was Intercepted and Attacked at Kalewa, Sagaing Region:

The Ministry of Defense of the National Unity Government (NUG) reported that the People’s Defense Forces (PDF) intercepted a column of the Military Council in the vicinity of Sakhangyi Village, Kalewa Township, Sagaing Region, on the morning of June 16. People along Yakyi Road from Kalewa Township to Minkin Township. PDF Kalay District No. 9 Battalion intercepted the convoy of 362 Faw vehicles that came to deliver weapons and food.

According to the statement, the battle started at 7:45 am and ended at 9:30 am with the PDF retreating. The military council column includes soldiers as well as police and Pyusawhtee members, totaling about 130 people, according to the NUG’s Ministry of Defense. The statement stated that there were no casualties on the PDF’s side during the battle, and that the military council’s side was still being investigated.

During the battle, they were able to burn down (2) Faw cars and MA-(11) (2) guns. G-3 (2) hands; MA-11 ammunition boxes (3); G-3 ammunition boxes (6); MG (3) Carp spear machine gun (1) MA-7 60 MM long distance diamond drill (1) 60 mm bombs, RPG warheads (5) Enaga bomb fruit (5) .38 Webly Wesson (6) bullets (1) Jammer (1) M-14 land mines (2) More than 30 grenades The NUG Ministry of Defense said that they were able to seize bullets and other related materials.

Source: The Irrawaddy

Translated and Posted: Tongsan Media Admin Team

Hits: 1

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *