June 26, 2023 || Tongsan Media Group

စစ်ကိုင်းမြို့၊ ကင်းတော်ရွာရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခု၏ စခန်းကို စစ်ကောင်စီက စီးနင်းကာ အရပ်သား ၃ ဦး၊ တော်လှန်ရေးသမား ၁၅ ဦးကို သတ်ဖြတ်ပြီး လက်နက်ကြီးငယ်မျိုးစုံ သိမ်းဆည်းသွားသည်။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ဝင်များ ထိုရွာတွင် စခန်းချထားစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ကင်းတော်နှင့် လေးမိုင်အကွာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ငါန်းဇွန်မြို့နယ် ကျောက်တလုံးရွာသို့ ရောက်နေသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ (ဇွန်၂၅) နံနက် ၄ နာရီမထိုးမီ စက်လှေကို စက်မနှိုးဘဲ မြစ်ကြောင်းအတိုင်း စုန်ဆင်းကာ ရုတ်တရက် ကမ်းတက် စီးနင်းခဲ့ခြင်းဖြစ်သည်။ ယနေ့ (ဇွန် ၂၆) ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ထိုစခန်းမှ လက်နက်ငယ် ၁၅ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုန်းနှစ်လုံး၊ ကျည်မျိုးစုံ ၅,၀၀၀ ကျော် သိမ်းဆည်းမိသည်ဟု ရေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ငါန်းဇွန်မြို့နယ် ပကဖ၊ စစ်ကိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူတို့ကလည်း ထိုဖြစ်ရပ်ကို အတည်ပြုသည်။ “အလစ်အငိုက် စီးခံလိုက်ရတာပေါ့ဗျာ။ ၁၅ ယောက် ကျပြီး ၁ ယောက်က ပျောက်နေတယ်။ အပြန်အလှန် ပစ်ခတ်ပြီး လွတ်လာတဲ့သူတွေလည်း ရှိပါတယ်။ အလောင်းတွေကို ဒီနေ့ (ဇွန် ၂၆) သင်္ဂြိုဟ်ဖို့ ပြင်နေတယ်” ဟု ငါန်းဇွန်မြို့နယ် ပကဖအဖွဲ့ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

ဓားဒဏ်ရာများ ရှိသော ကင်းသမား ၄ ဦး၏ အလောင်း၊ စခန်းတွင်း အိပ်ဆောင်ထဲမှ ၇ လောင်း၊ စခန်းအနီးဝန်းကျင် မြေပြင်တွင် မီးရှို့ဖျက်ဆီးထားသည့် ၂ လောင်း၊ စခန်းအနီးရှိ အိမ်ပေါ်တွင် အမျိုးသမီးရဲဘော် ၂ ဦး၏ အလောင်းတို့ကို ရှာတွေ့သည်ဟု ၎င်းက ဆို သည်။ သေဆုံးသည့် အရပ်သားများမှာ ပကဖစခန်း အနောက်ဘက် ၄ ဖာလုံခန့် အကွာ ကင်းတော်ရွာမှ အသက်၄၀ အရွယ် ဦးမျိုးကျော်သူ၊ အသက် ၅၀ ဝန်းကျင် ဦးမောင်ဆန်း၊ ကင်းတော်အရှေ့ဘက် ရွာနီးချုပ်စပ်ဖြစ်သည့် မြင်းဆည်ရွာမှ ၆၀ အရွယ် ဦးပေါက်စတို့ဖြစ်သည်။

ကင်းတော်ရွာခံ ၂ ဦးမှာ ရွာအတွင်းရှိ လက်နက်ထုတ်လုပ်ရေးစခန်းတစ်ခုကို စစ်ကောင်စီ ဝင်ရောက် သိမ်းဆည်းချိန်တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု စစ်ကိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ခံက ပြောသည်။ “တစ်လောင်းကတော့ ရေထဲကနေ တွေ့တာ၊ တစ်လောင်းကတော့ ရွာထဲက နွားစာတဲအောက်မှာ တွေ့တာ၊ နွားစာတဲထဲကနေ ထွက်ကြည့်ကြည့်တာလား၊ ထွက်ပြေးဖို့ ကြိုးစားတာလား မသိဘူး၊ ပစ်ချခံလိုက်ရတာ” ဟု သူက ဆိုသည်။

မြင်းဆည်ရွာခံ ဦးပေါက်စ သေဆုံးမှုမှာ ကင်းတော်ရွာကို စီးနင်းပြီး စက်လှေဖြင့် မြစ်ကြောင်းတစ်လျှောက် စုန်ဆင်းသွားသည့် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဖြစ်ကြောင်း၊ မြင်းဆည်၊ လက်ပန်တော၊ မြစ်သာ၊ သုံးလင့်၊ ဥယျာဉ် စသည့် ကျေးရွာများ ဆက်တိုက် စီးနင်းခံရကာ နေအိမ်အချို့ မီးရှို့ခံရကြောင်း အထက်ပါ သတင်းရင်းမြစ်နှစ်ခုက ပြောသည်။

ကင်းတော်ရွာတော်လှန်ရေးစခန်း စီးနင်းမှုကို စစ်ကောင်စီက သတင်းထုတ်ပြန်ထားသော်လည်း အရပ်သား သေဆုံးမှု၊ အိုးအိမ်ပျက်စီးမှုများနှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲဖြစ်သည်။ ကင်းတော်ရွာ အပါအဝင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာ ၆ ရွာကို ဝင်စီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ (ဇွန် ၂၅) ညနေပိုင်းတွင် မြစ်အရှေ့ဘက်ကမ်း ကျောက်တလုံးရွာမှတစ်ဆင့် မန္တလေးဘက်သို့ ကားလမ်းအတိုင်း ပြန်လည်ထွက်ခွာသွားသည်ဟု အထက်ပါ တော်လှန်ရေးအဖွဲ့တာဝန်ရှိသူတို့က ပြောသည်။

ငါန်းဇွန်မြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့တော်မန္တလေး၏ အနောက်ဘက် မိုင် ၃၀ ကျော်အကွာတွင် တည်ရှိသည်။ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေး၊ မုံရွာကဲ့သို့ မြို့ကြီးများအနီးသို့ပင် စစ်မီးကူးလာနေသည်။

နိုင်ငံအနှံ့ စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက လက်လုပ်လက်နက်များကို အားပြုခုခံနေသည့် နိုင်ငံအလယ်ပိုင်းမှ တော်လှန်ရေးအင်အားစုများကို လေကြောင်းပါ သုံး၍ တိုက်ခိုက်နေသလို ၎င်းတို့ သိမ်းသွင်း၍ ရသည့် အရပ်သားများကို လက်နက်တပ်ဆင်၍ မြေပြင်တပ်ဖွဲ့ကို အားဖြည့်ကာ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက် ပြုလုပ်နေသည်။

English Version:

NUG camp in Sagaing raided; 18 dead

Sagaing City The military council raided the camp of an armed resistance group in the village of Kyauktalone and killed 3 civilians. 15 revolutionaries were killed and various large and small weapons were seized. Mandalay Division, Ngazone Township People’s Defense Force (PDF) troops were attacked while stationed in that village.

The 100-strong military council force, four miles away from Kindaw, on the east bank of the Irrawaddy River, reached the village of Kyauktalone, Ngazon Township, before 4:00 a.m. yesterday (June 25). Today (June 26), the military council propaganda newspapers published 15 small arms from that camp. 107 two shock absorbers, It is written that more than 5,000 different types of ammunition were seized.

National Unity Government (NUG) in Ngazon Township Sagaing District People’s Defense Forces (PDF) officials also confirmed the incident. “I was taken for a ride. 15 are down and 1 is missing. There are those who shot each other and escaped. “We are preparing to bury the bodies today (June 26),” said a male official of Ngazon Township PDF.

The body of 4 guards with stab wounds. 7 from the dormitory in the camp. 2 bodies burned on the ground near the camp. He said the bodies of 2 female soldiers were found on a house near the camp. The civilians who died were 40-year-old U Myo Kyaw from Kyauktalone village, about 4 furlongs west of PDFs camp. U Maung San, around 50 years old, They are 60-year-old U Pauk sah from Maung San village, which borders the village to the east of Kyauktalone.

The 2 residents of Kinta village were killed when the military council raided and confiscated an arms manufacturing station in the village, said the People’s Defense Force (PDF) in charge of Sagaing District. “One body was found in the water, One body was found under the cowshed in the village. Did you look out from the cattle shed? I don’t know if he tried to run away. I was thrown,” he said.

The death of the villager, U Pauk sah, was caused by the shooting of the military council force that rode down the river in a boat to Kyauktalone village. Minse, Lepantaw , Mittha, Tongleik. The above two news sources said that villages such as Uyine were continuously raided and some houses were burned.

Although the military council announced the raid on the Kinta village resistance camp, civilian deaths, There is still silence about the damage to the houses. The military council forces, which raided 6 villages on the west bank of the Irrawaddy River, including Kyauktalone village, left yesterday evening (June 25) via the Kyauktalon village on the east bank of the river and left by road towards Mandalay, said the officials of the above resistance group.

Mynjun is located more than 30 miles west of the capital city of Mandalay in central Myanmar. In more than two years since the February 2021 military coup, people across the country have been resisting the military council, which opened fire even if they protested, in Mandalay, central Myanmar. Even near the big cities like Hmong villages, war is coming.

The military council, which has many fronts open across the country, is using air strikes against the revolutionary forces in the middle of the country, who are resisting with homemade weapons, arming the civilians they capture, reinforcing the ground forces, and carrying out a series of military operations.

Source: Myanmar Now

Translated: Tongsan Media Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *