June 22, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ငွေတွင်းကျေးရွာမှာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ အစည်းအဝေးပြုလုပ်နေချိန် ဒရုန်းဖြင့်ချိန်သားကိုက် ဗုံးချတိုက်ခိုက်နိုင်ခဲ့တယ်လို့ Danger Force LPDF အဖွဲ့ထံမှ သိရပါတယ်။ အစည်းအဝေးပြုလုပ်သည့် အဆောက်အဦးနှင့် ကတုတ်ကျင်းများပေါ်သို့ ဒရုန်းဖြင့် ဗုံးသီး ၁၄ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် ပြင်ပမှာကင်းစောင့်နေတဲ့ စစ်သားတွေနဲ့ ခန်းမအတွင်းမှ စစ်သားများထိခိုက်သေဆုံးနိုင်ချေရှိကြောင်း LPDF ကဆိုပါတယ်။

ဒရုန်းနဲ့ကျဲချမှုကြောင့် စစ်ကောင်စီဘက်က တရစပ် ပြန်လည်ပြီးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးကို Danger Force LPDF ၊ ကျောက်ဆည်ခရိုင်တပ်ရင်း -၁ (နဂါးနီတပ်ရင်း) ၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း – ၇ (Zeroပြောက်ကျား)၊ ရွှေဘိုခရိုင်တပ်ရင်း – ၁၅နှင့် ဆားတောင်မိုးကြိုး (Local PDF)၊ MRTF Drone Force၊ NDRF၊ အောင်သပြေညီနောင်(မြင်းမူ Local PDF) အဖွဲ့တို့မှ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

English Version:

The PDF Bombarded the place where the Military Council Army and Pyu Saw Htee were holding a Meeting with a Drone

Sagaing Division According to the Danger Force LPDF group, a drone attack was carried out at the same time as the military council soldiers and Pyu Saw Htee were holding a meeting in Ngwe Dwin Village in Ayardaw Township. The LPDF said that 14 bombs were dropped by a drone on the building and trenches where the meeting was held. The LPDF said that the soldiers who were guarding outside and the soldiers inside the hall were likely to be killed.

It is reported that due to the dropping of drones, the Military Council returned the bombardment and fired indiscriminately into the surrounding area. Operation Danger Force LPDF Kyaukse District Battalion -1 (Red Dragon Battalion) Kyaukse District Drone Force Myan Kyant District Battalion – 7 (Zero Guerrillas); Shwebo District Battalion – 15 and Salt Mountain Lightning (Local PDF); MRTF Drone Force; NDRF, It is done by the Aung Thape Ninaung (Myint Mu Local PDF) group.

Source: Maung News

Translated: Tongsan Media Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *