June 27, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အတွင်းက အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ နဂါးမင်းသမီးတပ်စခန်းကို တမူး ပြည်သူ့ ကာကွယ်ရေး တပ်မတော် တပ်ရင်း (၄)က ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ဦး ကျဆုံးခဲ့တယ်လို့ တမူး ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၄)က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်သား အင်အား (၃၅) ဦးခန့် စခန်းချ တပ်စွဲနေတဲ့ နဂါးမင်းသမီးတပ်စခန်းကို ဇွန် ၂၄ ရက်နေ့ မနက် ၅ နာရီ ၁၅ မိနစ်ခန့် တမူး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၇ဦး သေဆုံးခဲ့ပြီး တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၁ဦး ကျဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

နှစ်ဘက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်က စစ်ကူအဖြစ် အကြမ်းဖက်စစ်သားများ၊ ကသည်းသူပုန် (Meitei UG) ၊ ပြည်သူ့စစ် အမည်ခံ SNA နဲ့ ပျူစောထီးများ အင်အား အများအပြား ရောက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တပ်ဆုတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တိုက်ပွဲအတွင်း တမူး ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ တပ်ရင်း (၄) က ရဲဘော်၁ဦး ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားတယ်လို့ ဆိုပါတယ်။

English Version:

Tamu PDF attacked an army camp, killing 7 terrorist soldiers and killing 1 PDF

Sagaing Division The 4th Battalion of the Tamu People’s Defense Force attacked the Dragon Princess Camp under the Terrorist Military Council in Tamu Township, killing 7 terrorist soldiers and 1 revolutionary comrade, the Tamu People’s Defense Army 4th Battalion announced today. The Tamu People’s Defense Force attacked the Dragon Princess Camp where about 35 terrorist soldiers were stationed on June 24 at 5:15 am, killing 7 terrorist soldiers and killing 1 Tamu People’s Defense Force soldier.

After the fierce fighting between the two sides, terrorist soldiers as reinforcements for the terrorist army. Keta rebel (Meitei UG) According to the statement, the People’s Defense Forces had to retreat due to the arrival of a large number of SNA and Pyu Saw Htee, a militia. During the battle, Tamu People’s Defense Forces battalion (4th) said that 1 soldier sacrificed his life to achieve federal democracy.

Source: Mount Media

Translated: Tongsan Media Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *