July 1, 2023 || Tongsan Media Group ||

  • ကုလလုံခြုံရေးကောင်စီရဲ့ တုန့်ပြန်ဆောင်ရွက်မှု မြန်မာပြည်သူများအတွက် စိတ်ပျက်ရစေတယ်လို့ သံအမတ်ကြီးပြော|

မြန်မာ့အရေးအပေါ် ကုလသမဂ္ဂလုံံခြုံရေးကောင်စီရဲ့ တု့န်ပြန်ဆောင်ရွက်မှုဟာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်နှိပ်စက်ညှဉ်းပန်းမှုကို ခံစားနေရတဲ့ မြန်မာပြည်သူများအတွက် စိတ်ပျက်ရစေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ နှစ်စဉ်အစီရင်ခံစာကို အထွေထွေညီလာခံသို့ တင်သွင်း အတည်ပြုတဲ့ မျက်နှာစုံညီအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခဲ့တာပါ။ ဒါ့အပြင် လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် (၆၆၉)ကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် စည်းနှောင်မှုပါဝင်တဲ့ နောက်ဆက်တွဲအရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ဖို့လည်း ထပ်လောင်းတောင်းဆိုပါတယ်။ မြန်မာပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ကယ်တင်ဖို့ လုံခြုံရေးကောင်စီရဲ့ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ လိုအပ်သည်မှာ သိသာထင်ရှားပြီး ထုတ်ပြန်ချက်များနဲ့ ရှုတ်ချမှုများဟာ လုံလောက်မှု မရှိဘူးလို့ သံအမတ်ကြီးက ထောက်ပြပါတယ်။

  • ကရင်နီတိုက်ပွဲ အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ပစ်ချနိုင်ခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်ပြော

ကရင်နီပြည်နယ် ဘောလခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ စစ်ဘက် သတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ နေ့ခင်းက ရွာသစ်မြို့နယ်ခွဲ တာဆန်းလဲရွာအနီး အဲဒီလေယာဉ်ကိုပစ်ချနိုင်ခဲ့တာဖြစ်ပြီး မူလက ရဟတ်ယာဉ်လို့ ကရင်နီတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပေမယ့် စစ်ရေးသတင်းရင်းမြစ်ကမူ K-8အမျိုးအစား လေယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။ ပျက်ကျလေယာဉ်အနီးသို့ ကပ်လို့မရသေးဘဲ စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်အသုံးပြု လုံခြုံရေးယူနေတယ်လို့ သိရကြောင်း ဒေသခံက ပြောပါတယ်။

  • စစ်​ကောင်စီကို ပြန်လည်တိုက်ခိုက်​​​နေပြီလို့ ကလလတ(KNPLF)တရားဝင်​ကြေညာ

အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီလို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF)က ဒီနေ့ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။ သံလွင်အရှေ့ဘက်ခြမ်း တောင်လှ၊ မယ်တနွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က စတင် ပစ်ခတ်လိုက်တဲ့ သေနတ်သံများ၊ တိုက်ပွဲများနဲ့အတူ ကလလတရဲ့ သမိုင်းစာမျက်နှာသစ်ကို တရားဝင်ဖွင့်လှစ်လိုက်တာလို့ ကြေညာပါတယ်။ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများ – အကြမ်းဖက်(စကစ) စစ်အုပ်စုကို ခုခံတိုက်ခိုက်နေကြတဲ့ တောင်ပေါ်မြေပြန့်ဒေသအနှံ့က ရဲဘော်များ၊ တိုက်ဖော်တိုက်ဖက်များနဲ့ တန်းတူ ရင်ဘောင်တန်းပြီး အကြမ်းဖက်(စကစ) စစ်အုပ်စုကို ပြန်လည် တိုက်ခိုက်နေပြီလို့ အသိပေးပါတယ်။ တောင်​ပေါ်​၊ မြေပြန့်နိုင်ငံတစ်ဝန်း ​တော်လှန်​ရေးအင်အားစုများက စစ်​ကောင်စီကို ​တော်လှန်တိုက်ခိုက်​နေကြသလို ကရင်နီပြည်စစ် မျက်နှာမှာ စစ်အုပ်စုကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမယ်လို့ KNPLF ကတိပြုပါတယ်။

  • စစ်ရေးအရှိန်အဟုန်မြှင့်ဖို့ အဓိကလမ်းမကြီးများကို ညအချိန်သွားလာခွင့် ကန့်သတ်

အာဏာသိမ်းစစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန်မြှင့်တင်ဖို့အတွက် အဓိကလမ်းမကြီးများ ညပိုင်းအချိန်သွားလာခွင့်ကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ကန့်သတ်လိုက်ပါတယ်။ ပြည်သူလူထုအနေနဲ့ ထိခိုက်နစ်နာမှုမရှိစေဖို့ တိုင်းရင်းလက်နက်ကိုင်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အမှတ်(၂) စစ်ဒေသခွဲကွပ်ကဲရေးရုံးက ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လာတာပါ။ ညအချိန်သွားခွင့်တားမြစ်ထားတဲ့ လမ်းပိုင်းများမှာ ကုန်သွယ်ရေးအချက်အခြာကျသော ရန်ကုန် – မန္တလေး အမြန်လမ်း၊ ရန်ကုန် – မန္တလေးလမ်းဟောင်းဟုခေါ်တဲ့ အမှတ်(၂) ရန်ကုန် – မန္တလေးလမ်းမကြီး၊ ပဲခူး – စစ်တောင်းလမ်းပိုင်း၊ မွန်ပြည်နယ်အတွင်းရှိ ရန်ကုန် – မုတ္တမလမ်းပိုင်း၊ ရန်ကုန် – ဘားအံလမ်းပိုင်းတို့ ဖြစ်ပါတယ်။

  • ဖောင်းပြင်မြို့နယ်မှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားမှု စစ်ကောင်စီတပ် အထိနာဟု ထုတ်ပြန်|


စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာမှာ ဇွန်လ ၂၈ ရက်ကစလို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့တယ်လို့ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ် (PDF)က သတင်းထုတ်ပြန်ပါတယ်။ ဟုမ္မလင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီရဲ့ ခလရ(၂၇၂)နဲ့ ရှမ်းနီးတပ်မတော်(SNA) ပူးပေါင်းစစ်ကြောင်းဟာ အင်အား ၁၀၀ ခန့်နဲ့ ကော်ကမ်းကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာကာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်များ မိုင်းထိခဲ့လို့ လေးဦးဒဏ်ရာရရှိခဲ့ရာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၂၉ ရက်မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲ ဒုတိယနေ့မှာလည်း စစ်ကောင်စီဘက်က အရာခံဗိုလ် တစ်ဦး၊ တပ်သားတစ်ဦးနဲ့ SNA ရဲဘော် တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

  • ပခုက္ကူမြို့မှာ နာရေးအသင်းယာဥ်နဲ့ လျှို့ဝှက်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားများကို PDF ရဲဘော်များ တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့မှာ နာရေးကူညီမှုအသင်းယာဥ်နဲ့ လျှို့ဝှက်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ကုန်းတက်ကန်ကျေးရွာအနီးသို့ရောက်ရှိလာတဲ့ နာရေးကူညီမှုအသင်းယာဥ်ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လိုက်ပါလာကြောင်း အတည်ပြုသတင်းရရှိပြီးနောက် မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ပခုက္ကူမြို့ပြည်သူ့ကာကွယ်တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောပါတယ်။ မိုင်းသုံးလုံးတွဲနဲ့ နေရာနှစ်ခုမှာ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်မှုရှိခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ(၂)၊ Young Force (UG)က သတင်းထုတ်ပြန်ပါတယ်။

  • စစ်ကိုင်းမှာ စစ်ကောင်စီတပ်ပစ်ခတ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံး၊ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ စမွန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခဲ့လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဇွန်လ၂၉ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ စမွန်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက်ခဲ့ပါတယ်။

အဲဒီစစ်ကြောင်းကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်စဥ် စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ရာ စမွန်းရွာနေ အသက်(၅၀)အရွယ် ဒေါ်ခင်မမ ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။ နောက်ပြီး အသက် (၄၅)နှစ်အရွယ် ဒေါ်နုနုဝင်းဆိုသူ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကာ အသက်(၆) နှစ်အရွယ် ကလေးငယ်မှာလည်း ဦးခေါင်းထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Burmese Version:

Today’s (July 1,2023) Evening News will be Presented by Tongsan Media Group.

  • The UN Security Council’s response has disappointed the people of Burma, the ambassador said

The UN Security Council’s reaction to the Myanmar issue is disappointing for the people of Burma who are suffering from the military dictatorship’s violent persecution, said the Myanmar ambassador to the United Nations. Ambassador U Kyaw Moe Tun made the remarks at the plenary meeting where the annual report of the UN Security Council was submitted to the General Assembly and approved. In addition, we further request to take follow-up measures including binding on the implementation of the Security Council’s resolution (669) on Myanmar issues. The Ambassador pointed out that effective actions by the Security Council are clearly needed to protect the lives and property of the Burmese people, and statements and condemnations are not enough.

  • A military source said that they were able to shoot down a light attack aircraft in the Karenni battle

According to a military source, a light attack aircraft belonging to the Military Council was shot down during the battle that took place in New Village Sub-Township of Bolakhei Township, Karenni State. Yesterday afternoon, they were able to shoot down the plane near Tasan Le village in New Village Township. Originally, it was a helicopter, but a military source said it was a K-8 type aircraft. The local said that they have not been able to get close to the crashed plane and that they know that the military council is using a helicopter to provide security.

  • Kala Lata (KNPLF) officially announced that they are attacking the military council again

The Karenni National People’s Liberation Front (KNPLF) officially announced today that they are attacking the coup military council again. The mountain on the east side of Salween, mother-in-law BP 14 2023 at Mae Se Gunshots started on June 13th. Along with the battles, it is announced that a new page in the history of Kallata has been officially opened. Oppressed people of all ethnicities – soldiers from all over the mountains and plains who are fighting against the terrorist (Sakas) military group, We inform you that we are fighting against the terrorist (Sakas) military group on an equal footing with our allies. on the mountain The KNPLF has promised to attack the military group decisively in the face of Karenni war, just as the revolutionary forces across the plains are attacking the military council.

  • To increase the speed of the military, the main roads are restricted at night

In order to counter-offensive the coup military council and increase the speed of the military, the main roads are allowed to travel at night in the southern military region. No. (2) is limited by the military region. In order to ensure that the public is not harmed, the No. (2) Military Region Sub-Command Office, which is a combination of the traditional armed forces and the People’s Defense Army (PDF), issued a statement on this date. Roads prohibited at night are the Yangon-Mandalay Expressway, which is a commercial hub. Yangon – Mandalay Road No. (2) Yangon – Mandalay Road, Bagu – Sittaung road section Yangon – Muttama Road section in Mon State. Yangon – Baan Road.

  • The two-day fighting in Hormpyin Township was announced as the military council’s defeat

The Hommalin People’s Defense Force (PDF) reported that a two-day battle started on June 28 in Khokamp Village, Hormpyin Township, Sagaing Division, and the military council troops were wounded. It is reported that the Military Council’s Khlara (272) and the Shan Near Army (SNA), which are operating in Hommalin Township, entered the Kokamp village in a column with about 100 forces and the battle took place. He said that four soldiers were injured when the military council troops hit a mine, one of them was seriously injured. On June 29, as the fighting continued, the Military Council announced that it attacked with air support. On the second day of the battle, a lieutenant on the side of the military council, One soldier and one SNA soldier were killed and many were injured, he said.

  • PDF soldiers attacked military council soldiers secretly accompanying funeral procession in Pakokku town.

It is reported that the People’s Defense Alliance Forces attacked military council soldiers secretly accompanying a funeral procession in Pakokku, Magway. This morning, Pakokku Township, A soldier from the Pakokku People’s Defense Force said that after receiving confirmation that some Military Council troops were on board the funeral procession near Konetetkan village, the mine attack took place. Pakokku Township People’s Defense Forces Division (2) said that three mines were detonated in two places and it was damaged. Young Force (UG) released the news.

  • A woman fleeing the war was killed by the military council in Sagaing. Two people, including a child, were injured

Sagaing Division According to local news sources, a military council force raided Samoon village in Sagaing township and opened fire, killing a woman fleeing the war and injuring two people, including a child. On the morning of June 29, Sagaing Township, The military council army entered Samoon village in a column and opened fire. As the local residents were fleeing because of that column, the Military Council troops opened fire on them, killing 50-year-old Daw Khin Ma from Sam Monywane. In addition, 45-year-old Daw Nu Nu Win was injured by a bullet, and a 6-year-old boy was also injured in the head, according to Sagaing Township’s Truth and Reconciliation Group.

Source: People’s Spring

Translated: Tongsan Media Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *