June 18, 2023 || Tongsan Media Group Inc. ||

ကယန်းလက်ဝှေ့မယ် Bronica @ Vero V. RujiRawong သည် ယနေ့ ဇွန်လ ၁၈ ရက်ညပိုင်းက ထိုင်းနိုင်ငံတွင် ထိုးသတ်သွားသည့် ထိုင်းဖိုက်ပွဲစဉ်ဗီယက်နမ်ဖိုက်တာကို အနိုင်ရရှိပြီး ၁၃ ပွဲဆက် နိုင်ပွဲရရှိသွားပြီဖြစ်သည်။ ကယန်းကျားသစ်ဟု နာမည်ပြောင်ရထားသည့် မွေထိုင်းလက်ဝှေ့ဖိုက်တာ Bronica သည် ယနေ့ပွဲစဉ်တွင် ဗီယက်နမ်ဖိုက်တာ Trieu Thi ကို တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ဘရော်နီကာနှင့်ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ဗီယက်နမ်ဖိုက်တာ Trieu Thi သည် ပြီးခဲ့သည့် (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိထားသူလည်းဖြစ်သည်။ မွေထိုင်းလက်ဝှေ့ပြိုင်ပွဲများတွင် ချန်ပီယံဆုများ ဆွတ်ခူးထားသည့် ဘရော်နီကာသည် ထိုင်းဘုရင့်ဖလားဆွတ်ခူးထားသူလည်းဖြစ််ကာ ယနေ့နိုင်ပွဲကြောင့် ၁၃ ပွဲဆက်တိုက်အထိ အနိုင်ရရှိခဲ့သည့်လက်ဝှေ့မယ်တစ်ဦးဖြစ်လာခဲ့သည်။

English Version:

Bronica won the Vietnam fighter by stoppage and went on a 13-fight winning streak:

Myanmar, Kayan tribes boxer Mrs. Vero V. RujiRawong @ Bronica (Ages 26) has won 13 fights in a row after winning the Thai fight match in Thailand on June 18th. Muay Thai fighter Bronica, nicknamed the Kayan Leopard, won today’s match against Vietnamese fighter Ms. Trieu Thi (Ages 23) by stoppage in the third round.

Vietnamese fighter Trieu Thi, who fought against Bronica, won the gold medal in the last (32) SEA Games. Bronica, who has won championships in Muay Thai boxing competitions and is also the winner of the King of Thailand’s Cup, became a boxer who won 13 fights in a row with today’s victory.

Source: Popular News Journal

Translated and Posted: Tongsan Media Admin Team

Hits: 1

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *