June 27, 2023 || Tongsan Media Group ||

Burmese Version:

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ရွှေအောင်သာကျေးရွာ၊ နော်စေတီကုန်းအနီး၌ တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း CDF Mindat ထံမှ သိရသည်။ ယမန်နေ့ဇွန်လ ၂၆ ရက် နံနက် ၇ နာရီ မိနစ် ၂၀ ခန့်ကစတင်၍ ၈ နာရီခွဲခန့်အထိ ရွှေအောင်သာရွာ၊ နော်စေတီကုန်းအနီး၌ အကြမ်းဖက် စစ်တပ် နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)တို့ အကြား တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်တပ်က ၁၀ ဦးထက်မ နည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ CDF – Mindat မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲ ဖြစ်ပွား ပြီးနောက် အကြမ်းဖက် စစ်တပ်က နံနက် ၉ နာရီ မိနစ် ၄၀ မှစတင်၍ ၁၀ နာရီ ၁ မိနစ်အထိ ဂျက်ဖိုက်တာ တိုက်လေယာဥ် ၂ စီးတို့ဖြင့် ၇ ကြိမ် တိုက်ခိုက်ခဲ့သော်လည်း ချင်းကာကွယ်ရေး (မင်းတပ်) တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရှိရသည်။ အလားတူ မင်းတပ်မြို့ပေါ်၌လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တို့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုအတည်မပြု နိုင်သေးကြောင်း CDF – Mindat က ထုတ်ပြန်ထားသည်။

English Version:

10 Soldiers of the Military Council were Killed in the battle of Mindat

Chin State Mindat Township, Shwe Aung Tha village, according to CDF Mindat, at least 10 military council soldiers were killed in a battle near Naw Pagoda Hill. Yesterday, June 26, from about 7:20 a.m. to about 8:30 p.m., Shwe Aung Tha village, There was a fight between the military council soldiers and the Chin Defense Force (CDF-Mindat) near Naw Pagoda Hill. At least 10 people were killed and many injured by the terrorist army, and one soldier from CDF-Mindat was not serious injured.

After the battle, the terrorist army attacked 7 times with 2 jet fighters from 9:40 am to 10:10 am, but there were no casualties on the Chin Defense Forces. Similarly, CDF-Mindat announced that there was a battle between the Terrorist Military Council Army and the Chin Defense Forces (CDF-Mindat) in Mindat, and the casualties of terrorist soldiers have not yet been confirmed.

Source: Yangon Khitthit

Translated: Tongsan Media Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *