June 17, 2023 || Tongsan Media Group Inc. ||

ကယား (ကရင်နီ) ပြည်နယ်၊ ဘော်လခဲခရိုင်ထဲက မယ်စဲ့မြို့မှာ ဒီရက်ပိုင်း စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းအဖွဲ့အကြား နှစ်ဖက်တိုက်ပွဲဆက်တိုက်ဖြစ်နေပြီး ဒီကနေ့ ဇွန် ၁၇ ရက်အထိ တိုက်ပွဲဖြစ်နေဆဲလို့ ‌ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆီက သိရပါတယ်။ “ကရင်နီနဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ မယ်စဲ့မြို့နယ်ထဲမှာက အခုမှ တိုက်ပွဲပြန်စဖြစ်တာပေါ့လေ။ စခန်းသိမ်းတိုက်ပွဲပြန်စတာဖြစ်ပါတယ်။ လတ်တလောမှာတော့ တိုက်ပွဲက ပြင်းထန်နေလို့ အသေးစိတ်တော့ မပြောနိုင်သေးဘူး” လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မယ်စဲ့တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီဟာ ‌တောတောင်တွေထဲသာမက တဖက် ထိုင်းနိုင်ငံထဲကိုပါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။ မယ်စဲ့နဲ့ ထိစပ်နေတဲ့ ဖားဆောင်းမြို့နယ်ဘက်မှာလည်း မနေ့ ဇွန်လ ၁၆ ရက်ကစလို့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ စဖြစ်နေတယ်လို့ ဖားဆောင်း PDF က သတင်းထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဖားဆောင်းသံလွင်အရှေ့ဘက်ခြမ်းကို ပြည်သူတွေမသွားလာဖို့လည်း ပြောပါတယ်။ မိုးဗြဲမြို့တွင်းအခြေအနေကတော့ ဒီကနေ့မှာ တိုက်ပွဲငြိမ်သက်နေပြီး မနေ့ကတော့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် မိုးဗြဲကာကွယ်ရေးအဖွဲ့တွေဘက်က ၇‌ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Mobye PDF Rescue Team ဆီက သိရပါတယ်။

ကရင်နီဒေသမှာ အခု ၂၀၂၃ ခုနှစ်အစပိုင်းကစလို့ အဆိုးရွားဆုံးအနေနနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့တာဖြစ်ပြီး ဒီးမော့ဆိုအရှေ့ဘက်ခြမ်း၊ ဖယ်ခုံ – ပင်လောင်းအစပ်၊ မိုးဗြဲမြို့ပေါ်တွေမှာသာမက အခုဆို ဘော်လခဲခရိုင်ထဲက မြို့နယ်တွေမှာပါ တိုက်ပွဲတွေ ထပ်ပြင်းထန်လာတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်မှာပဲ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးအဖွဲ့ IEC ဖွဲ့စည်းပြီးနောက် စစ်ရေးနောက်တဆင့်မြှင့်မယ်လို့ KNDF က တရားဝင်ပြောထားခဲ့သလို တဖက် စစ်ကောင်စီဘက်ကလည်း စစ်အင်အားတိုးချဲ့လာတယ်လို့ မြေပြင်မှာရှိနေသူတွေက ပြောကြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ကရင်နီဒေသထဲက တိုက်ပွဲတွေအကြောင်း ဒီကနေ့ ဇွန်လ ၁၇ ရက် ညနေပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

English Version:

The fighting is still fierce in Mae Se

Kayah (Kareni) State The Karenni National Defense Force (KNDF) reported that the fighting between the military council and the Karenni coalition has been going on for two days in the town of Messe in Balaghe district, and the fighting is still going on until June 17 today. “The fighting has started again in Mae Se township on the border of Karenni and Thailand. The battle to take over the camp has started again. Currently, the fighting is intense, so I cannot give details yet,” said the KNDF Central News and Information Officer.

He added that thousands of local people are fleeing not only into the jungles but also into Thailand due to the fighting in Mae Se. Pha Song PDF has reported that there has been a skirmish with the Military Council since yesterday, June 16, in Pha Song Township, which borders Mae Se. That’s why he also told people not to travel to the east side of Pha Song Salwin. Mobye PDF Rescue Team reported that the situation in Mobye town is calm today, and yesterday, 7 people were injured on the side of Mobye defense teams due to fierce fighting between the two sides.

In the Karenni region, since the beginning of 2023, the worst situation and continuous fighting has been going on. Remove the seat – pin long spicy, Not only in the town of Mobre, but now in the townships of Balakhei district, the fighting has become more intense. Just last June 12th, the KNDF officially announced that the military will be stepped up after the establishment of the Karenni Land Interim Administration Council (IEC). However, the military council has yet to release any information about the fighting in the Karenni region until the evening of June 17.

Source: BBC News

Posted: Tongsan Media Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *