July 9, 2023 || Tongsan Media Group ||

Zokam Version:

Lailenpi Kikapna ah SAC te 4 si, 5 Liam:

Chin State, Matupi township, Lailenpi khuapi CDF-MARA galkapte’ thuneihna / ukcipna (Controled No. (3rd) Battalion te’ mun ah zanni July 8, 2023 nitak lamin Ukna buluh (SAC) galkapte leh Chin Defense Force- Mara (CDF-MARA)te nai khat leh a lang sung nasiatak kikap uh a, Ukna buluh (SAC)te 4 si-in,5 liam uh cih thu CDF-MARA pan thugenpi ten pulak uh hi.

“A diakdiak in ko, ukna buluhtte a do thau tawi kipawlna ka hih hang uh hi. Ukna buluh (SAC) te hepkhiat ding a thupi penpen ahi hi” ci-in, CDF-MARA pan thugen theihna a nei Lailenpi khuapi ah gal vai sepna tawh kisai a gen / amuhna ahi hi. Kikapna tawh kisai-in, Ukna buluh (SAC) in mipite tungah lau sakna / phawnn, khamtheih zatui kilimzatna leh ut bangbang a Thau lawn gawp thei uh ahihnate’ hangin, CDF- Mara ten pulakkhia hi.

Ukna buluh (SAC) galkapten mipite’ omna munte ah Thaupi, thauneute phial lot den uh ahih manin, khuatual numei khatin sihlawh in, teenna inn 2 mei tawh haltum sak uh cih zong CDF-MARA ten genbeh uh hi. CDF- MARA te lam pan bel abeisa hunin zong Lailenpih khua kim tengah Ukna buluh (SAC)te tawh kikaptuahna om ngei khin ci hi. Tua banah khua sung a om Chin galkapte leh a kibelbawlpite tawh kigawmin Ukna buluh (SAC) galkapte nasiatak do uh ci hi.

Gal huhte lam pan ahih leh Matupi huam sung, Zotung huam lam, Hakha – Thantlang kikal (Timit Vally) huam lam cih danin, Khawk makai PDF galkapte nakpi tak huh uh ci hi. Mipite lam pan ahih leh gal vai tawh kisai thukizak tuahnate a tawntung kidophuai leh akisap leh mun muanhuaina lamah kituahkhiat theih dingin CDF- MARA ten thapia uh hi.

Burmese Version:

လိုင်လင်းပီမြို့ တိုက်ပွဲ စစ်ကောင်စီတပ် ၄ဦးသေ၊ ဒဏ်ရာရသူများရှိဟု CDF MARA ​ပြော

ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၄ဦးသေဆုံးကာ၅ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်းချင်းကာကွယ်ရေးတပ်-မာရာ(CDF-MARA)မှ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောသည်။ ဇူလိုင် ၈ရက် မွန်းလွဲပိုင်းက CDF-MARA ထိန်းချုပ်နယ်မြေ ဖြစ်သော အမှတ်(၃)တပ်ရင်းနယ်မြေ လိုင်လင်းပီမြို့ပေါ်တွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

“အဓိကကတော့ ကျနော်တို့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ဖြစ်လို့ပါ။ စကစ ဖြုတ်ချရေးက အဓိက မို့လို့ပါ” ဟု CDF-MARA ပြောရေးဆိုခွင့်ရှိသူက လိုင်လင်းပီမြို့ပေါ် စစ်ရေးဆောင်ရွက်ချက်အပေါ် ပြောသည်။ တိုက်ပွဲဖြစ်ရခြင်းမှာ စစ်ကောင်စီက ပြည်သူများအား ခြိမ်းခြောက်ခြင်း၊နှောက်ယှက်ခြင်း၊ မူးယစ်ရမ်းကားပြီး သေနတ်များ ရမ်းသန်းပစ်ဖောက်ခြင်း ပြုလုပ်နေ၍ဖြစ်သည်ဟုလည်းCDF-Maraကထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ပြည်သူလူထုများရှိရာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်ခဲ့၍ အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးကာ နေအိမ် ၂လုံး မီးလောင်ပြာကျခဲ့သည်ဟု ​ဖော်ပြထားသည်။CDF-MARA အနေဖြင့် ယခင်ကလည်း လိုင်လင်းပီတစ်ဝိုက်၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။ ထို့ပြင် ဒေသတွင်း ချင်းတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများလည်းရှိသည်။

“စစ်ကူအနေနဲ့တော့ မတူပီဘက် Zotong နယ်ဘက် ၊ ဟားခါး-ထန်တလန်ကြား(တီးမစ်လွင်ပြင်)ဘက်ဆိုပြီး နယ်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေကိုတော်တော်များများ ကူညီခဲ့တယ်။” ဟုအထက်ပါပြောရေးဆိုခွင့်ရှိသူက ဆက်​ပြောသည်။ ပြည်သူများအနေဖြင့် စစ်ရေးသတင်း အမြဲသတိရှိရန်နှင့် လိုအပ်ပါက ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် CDF-MARAက တိုက်တွန်းထားသည်။

English Version:

4 Members of the Military Council were Killed in the Battle of Lailenpi. CDF-MARA says that There are Injured people:

The spokesperson of the Chin Defense Force-MARA (CDF-MARA) said that a battle broke out in Lailenpi town, Matupi Township, Chin State,yesterday, and 4 members of the Military Council were killed and at least 5 were injured. On the afternoon of July 8, a half-hour battle took place in the area of the CDF-MARA-controlled No. (3rd) Battalion in Lailenpi town.

“Mainly because we are a revolutionary armed group. “The main reason is to take down the people,” said a CDF-MARA spokesperson on the military action on Lailenpi. The reason for the fight was that the military council threatened, harassed and harassed the people. CDF-Mara also announced that drug trafficking and gun violence were rampant.

The army of the military council went to the public with heavy weapons. It is stated that a civilian woman lost her life and 2 houses were burnt to ashes due to the small arms fire. CDF-MARA has had two clashes with the Military Council around Lailenpi before. In addition, there are attacks on the Military Council army in cooperation with local Chin forces.

“As reinforcements, different side Zotung area. He helped the border defense forces a lot between Hakha-Thangtlang (Timit valley).” The above spokesperson added. CDF-MARA urges the public to be aware of military information and to evacuate to a safe place if necessary.

Source: People’s Spring

Translated: Tongsan Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *