June 25, 2023 || Tongsan Media Group ||

Burmese Version:

ကြေးစားတပ်ဖွဲ့ခေါင်းဆောင် Yevgeny Prigozhin ကို ရုရှားက ရာဇဝတ်ကြောင်းနဲ့ အရေးယူဖို့ စီစဉ်နေတာကို ရုပ်သိမ်းပြီး၊ အပြန်အလှန်အနေနဲ့ မော်စကိုမြို့တော်ကို ချီတက်နေတဲ့ ကြေးစားတပ်တွေ ပြန်လည်ဆုတ်ခွာဖို့နဲ့ ဘဲလာရုစ်နိုင်ငံကို ထွက်ခွာဖို့ ကြေးစားတပ်ဖွဲ့ခေါင်းဆောင်က လက်ခံခဲ့တာ ဖြစ်ပါတယ်။ သဘောတူညီချက်အရ ကြေးစားတပ်ဖွဲ့တွေကို အရေးယူမှာ မဟုတ်ကြောင်းလည်း ရုရှားအစိုးရက အာမခံခဲ့တာပါ။

ရှေ့တန်းစစ်မျက်နှာမှာ သတ္တိရှိရှိ စွမ်းဆောင်ခဲ့ကြတဲ့ Wagner တပ်ဖွဲ့တွေကို အစဉ်အမြဲလေးစားကြောင်းလည်း ရုရှားသမ္မတ ပြောခွင့်ရ Dmitry Peskov က မနေ့ကပဲ ပြောခဲ့ပါတယ်။ ပုန်ကန်မှုမှာ မပါတဲ့ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ဖို့ ကမ်းလှမ်းခဲ့တာပါ။ သဘောတူညီမှု ရခဲ့ပြီးနောက် မော်စကိုမြို့တော်ကို ချီတက်ခဲ့ကြတဲ့ ကြေးစားတပ်ဖွဲ့တွေလည်း မနေ့ညကစ ရုရှားတောင်ပိုင်းကနေ ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။

Rostov မြို့ကနေ ကြေးစားတပ်ဖွဲ့တွေ ပြန်လည်ထွက်ခွာသွားပြီလို့လည်း ဒေသခံအုပ်ချုပ်ရေးမှူးက အတည်ပြုခဲ့တာပါ။ အင်အားကြီးကြေးစားတပ်ဖွဲ့နဲ့ ရုရှားသမ္မတကြား ထိပ်တိုက်ရင်ဆိုင်မှု အဆုံးသတ်သွားပေမဲ့ ရုရှားသမ္မတအပေါ် ကြီးမားတဲ့ စိန်ခေါ်မှုတခုလည်း ဖြစ်ခဲ့ပါတယ်။

English Version:

Russian mercenary troops retreat from the southern region

In a rare defiance of Russian President Vladimir Putin, the Russian mercenary force, which threatened to march all the way to Moscow, has finally retreated from the south of the country with the mediation of Belarus. Alexander Lukashenko, the Belarusian president, halted the advance of Wagner’s mercenary forces on Moscow.

Russia withdraws planned criminal action against mercenary leader Yevgeny Prigozhin; In return, the leader of the mercenary force accepted the retreat of the mercenary forces marching on Moscow and to leave for Belarus. According to the agreement, the Russian government also assured that it would not take action against the mercenary forces.

Russian Presidential Spokesperson Dmitry Peskov said yesterday that he always respects Wagner’s troops who performed bravely on the front line. They offered to sign a contract with the Russian Ministry of Defense as troops not involved in the rebellion. After the agreement was reached, the mercenary forces that marched on Moscow also left southern Russia last night.

The local governor also confirmed that the mercenary forces had left the city of Rostov. The confrontation between the powerful mercenary forces and the Russian president ended, but it also posed a major challenge to the Russian president.

Source: VOA

Translated: Tongsan Media Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *