June 21, 2023 || Tongsan Media Group ||

Burmese Version:

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တောင်ရှာလ်ရွာ (Tongsial) တွင် ZRA (အရှေ့ပိုင်းတိုင်း) က အတင်းအဓမ္မ တပ်သားသစ်စုဆောင်းတယ်လို့ ဒေသခံတွေထံကတဆင့် သတင်းရရှိပါတယ်။ ZRA (အရှေ့ပိုင်းတိုင်း)က တောင်ရှာလ်ကျေးရွာကနေ တပ်သားသစ် ၂ ယောက်ပို့လာဖို့ အကြောင်းကြားပေမယ့် စိတ်ပါဝင်စားသူမရှိတာကြောင့် ဇွန်လ ၁၉ ရက်တွင် ၎င်းတို့အဖွဲ့ကိုယ်တိုင်ရွာထဲဝင်လာပြီး ရွာသား ၆ ဦးကို အတင်းအဓမ္မခေါ်ဆောင်သွား တယ်လို့သိရတယ်။

ဒေသခံတစ်ဦးက “တပ်သားသစ်ပို့ဖို့ပြောတာသိသိချင်း သူတို့စခန်းမှာသွားညိုနှိုင်းတယ်။ မရဘူး။ ရွာထဲက လူငယ်တွေလည်း သွားချင်တဲ့သူမရှိတော့ မဲနှိုက်ဖို့စီစဉ်ကြတယ်။ အဲ့ဒီကြားထဲမှာ သူတို့ကရွာထဲရောက်လာပြီး ၁၈ နှစ်အောက်လူငယ် ၅ ဦးနဲ့ အသက်ပြည့်တဲ့လူငယ် တစ်ဦးကို အတင်းအဓမ္မခေါ်ဆောင်သွားတယ်”လို့ပြောပါတယ်။

တောင်ရှာလ်ကျေးရွာဟာ အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိပြီး မဏီပူရ်မြစ်ရဲ့အထက်မှာရှိပါ တယ်။ အခုလို ZRA (အရှေ့ပိုင်းတိုင်း)က တပ်သားသစ်စုဆောင်းတာ တောင်ရှာလ်ရွာ တစ်ရွာထဲတွင်ဖြစ်ပြီး အခြားရွာများတွင် တပ်သားသစ်စုဆောင်းမှု သတင်းမကြားရသေးပေ။

English Version:

It is said that the ZRA is forcibly recruiting new soldiers

Chin State Tedim Township, In Tongsial village, we received information from local residents that the ZRA (Eastern Region) is forcibly recruiting recruits. ZRA (Eastern Division) informed them to send 2 recruits from Tongsiall village, but since no one was interested, on June 19, their group entered the village themselves and forcibly took 6 villagers.

A local resident said, “When I heard that they were telling me to send new soldiers, they went to the camp and looked at each other.” I can’t. The young people in the village no longer want to go, so they plan to draw lots. In the meantime, they came to the village and forcibly took 5 young people under 18 years old and a young man of full age,” he said.

Tongsial village has around 100 houses and is above the Manipur river. The ZRA (Eastern Region) is recruiting new soldiers in one village of Tongsial, but there is no news of new soldiers being recruited in other villages.

Source: Zalen News

Translated: Tongsan Media Admin Group Inc.

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *