မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မြစ်သာဆည်က စစ်တပ်စခန်းကို ယနေ့ ဒီဇင်ဘာလ ၂၂မနက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုင်နိုင်တယ်လို့ သိရပါတယ်။ မြစ်သာဆည်ရှိ စစ်ကောင်စီများဟာ ဂန့်ဂေါအခြေစိုက် ခလရ ၅၀ မှ တပ်သားများဖြစ်ပြီး ယင်းစခန်းကို ယနေ့မနက်ပိုင်းမှာ ZZLMS ညီနောင်တပ်ဖွဲ့များ၊ CDF Mindat၊ CNDF၊ CDF KKG နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ထွက်ပြေးတဲ့စစ်ကောင်စီတပ်သားများကိုလည်း လိုက်လံရှာဖွေနေတယ်လို့သိရပါတယ်။

“ဂျက်ဖိုက်တာ ၃စီးနဲ့လာကြဲတယ်။ တပ်ကုန်းကနေ လက်နက်ကြီးနဲ့လည်းလှမ်းထုတယ်။ ဆည်ထဲ၂လုံးကွဲတယ်။ ကျွန်တော်တို့ဘက်မှာလည်း ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်” လို့ CDF KKG တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်ကြောင်းမှူးဖြစ်တဲ့ တမ်လိန်းဟာ မြစ်သာ ဆည်စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ CDF Mindat ရဲဘော်တစ်ဦးထံက သိရပါတယ်။

၎င်းမြစ်သာဆည်မှာ စစ်ကောင်စီတပ်က တစ်နှစ်ကျော်ခန့်တပ်စွဲထားဖြစ်ပြီး စစ်တပ်စခန်းကျပြီးနောက်ပိုင်း စစ်ကောင်စီတပ်များဟာ ဂန့်ဂေါမြို့ပေါ်ကို ကား၆စီးနဲ့ကင်းလှည့်နေတယ်လို့ ဒေသခံများထံကသိရပါတယ်။ ၎င်းမြစ်သာတမံဟာ မဟာဓာတ်အားလိုင်းအတွင်းကို လျှပ်စစ်ဓာတ်အားများပေးပို့နေတဲ့ ရေအားလျှပ်စစ်စက်ရုံတစ်ခုလည်းဖြစ်ပါတယ်။

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *