June 27, 2023 || Tongsan media Group ||

စင်ကာပူ၌ မြန်မာအိမ်အကူအား သေဆုံးသည်အထိ ညှဉ်းပမ်းနှိပ်စက်ခဲ့သည့် အိမ်ရှင်သားအမိအနက် မိခင်ဖြစ်သူက ၎င်း၏သားမက်အား သက်သေပါရှိသည့် စီစီတီဗွီမှတ်တမ်းကိုဖျောက်ဖျက်ရန်ခိုင်းခဲ့သဖြင့် ထောင်ဒဏ်ထပ်တိုးချမှတ်ခံရသည်ဟုသိရသည်။

အသက် ၆၄ နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီးအား သက်သေဖျောက်ရန်ကြိုးပမ်းမှုဖြင့် ထောင်ဒဏ်သုံးနှစ်ထပ်မံချမှတ်ခဲ့သည်ဟုဆိုသည်။ ၎င်းအမှု၌အိမ်အကူ ကလေးတစ်ယောက်မိခင် Single Mother ဖြစ်သည့် Ms. Piang Ngaih Don သည် ကိုယ်အလေးချိန် ၂၄ ကီလိုဂရမ်သာ ရှိသည်အထိရိုက်ပုတ်နှိပ်စက်ခံရကာ အစာအငတ်ထားခံခဲ့ရပြီး ၁၄ လကြာပြီး‌နောက် လည်ပင်းတွင်ပြင်းထန်ဒဏ်ရာရသဖြင့် ဆေးရုံတင်ထားရချိန်၌ ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါမိန်းကလေးသည် အစားမစားရဘဲ ရိုက်ပုတ်နှိပ်စက်ခံခဲ့ရကာ ညအချိန်များ၌ ပြတင်းပေါက်တိုင်နှင့်ကပ်ချည်ထားခြင်းများ၊အချို့ရက်များ၌ ဆာလွန်း၍အမှိုက်ပုံးထဲရှာဖွေစားသောက်ပါက ရိုက်နှက်ခံရခြင်းများလည်း ရှိခဲ့သည်ဟုသိရသည်။ ၎င်းဖြစ်ရပ်များအားလုံးပါရှိသည့် စီစီတီဗွီမှတ်တမ်းအားဖျောက်ဖျက်ပေးရန် ကျူးလွန်သူအမျိုးသမီး၏မိခင်က ရဲအရာရှိတစ်ဦးဖြစ်သူ၎င်း၏သားမက်အားတောင်းဆိုခဲ့သဖြင့် သက်သေဖျောက်ရန်ကြိုးပမ်းမှုဖြင့် ထပ်မံစွဲချက်တင်ခံခဲ့ရခြင်းဖြစ်သည်ဟုသိရသည်။

သားမက်ဖြစ်သူ မစ္စတာချယ်ဝမ်လည်း ၂၀၁၆ ခုနှစ်ဩဂုတ်လ၌ တာဝန်မှဆိုင်းငံ့ခံခဲ့ရပြီး အဓိကတရားခံဖြစ်သည့် မစ္စဂိုင်ယာသရီအားထောင်ဒဏ်နှစ် ၃၀၊ ပူးပေါင်းပါဝင်သူ ၎င်း၏မိခင်အား ထောင်ဒဏ် ၁၄ နှစ်နှင့် သက်သေဖျောက်ရန်ကြိုးပမ်းမှုအတွက် ၃ နှစ်ဟူ၍အသီးသီးပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ Ms. Piang Ngaih Don သည် ၂၀၁၅ ခုနှစ် မေလတွင် စင်ကာပူနိုင်ငံသို့ အိမ်အကူဖြစ်ရောက်လာပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် အိမ်ရှင်မိသားစုရဲ့နှိက်စက်ဒဏ်ကြောင့် ဆေးရုံတင် ဆုံးသွားခဲ့သည်။

English Section:

The landlord who tortured the Myanmar maid to death was sentenced to another prison term

It is known that the mother of the housekeeper who tortured the Burmese maid to death in Singapore was sentenced to an additional prison term because she forced her son-in-law to delete the CCTV footage that contained evidence.

It is said that the 64-year-old woman was sentenced to an additional three years in prison for attempting to hide evidence. In this case, Ms., a single mother who is the mother of a maid child. Piang Ngaih Don is said to have been beaten and starved until he weighed just 24kg, and died 14 months later of severe neck injuries in hospital.

It is known that the girl was not allowed to eat, was beaten and tortured, was tied to the window post at night, and was beaten if she was too hungry and searched for food in the trash on some days. It is known that the victim’s mother asked her son-in-law, a police officer, to delete the CCTV footage of all the incidents, and was charged again with trying to hide evidence.

Her son-in-law, Mr. Chelwan, was also suspended from duty in August 2016, and the main culprit, Ms. Gayathari, was sentenced to 30 years in prison. The accomplice’s mother was sentenced to 14 years in prison and 3 years for attempting to conceal evidence. Ms. Piang Ngaih Don came to Singapore as a maid in May 2015 and died in hospital on July 26, 2016 due to abuse by her host family.

Source: CNA

Posted: Tongsan Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *