June 22, 2023 || Tongsan Media Group ||

စစ်ကောင်စီနှင့်ပေါင်းပြီး PDF များကို စစ်ကောင်စီထံ လက်နက်ချရန် စည်းရုံးနေသည့် ဒီချုပ်ပါတီမှထုတ်ပယ်ထား​သော ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်အောင်အားပကဖ (ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့)များက ဖမ်းဆီးထိန်းသိမ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနသို့ အပ်နှံထား​ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ပြီးခဲ့သည့်မတ်လက ပါတီမှ ထုတ်ပယ်ထားသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဒီပဲယင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်ကို ဇွန်လ ၈ရက်တွင် မြို့နယ် ပကဖမှရဲဘော်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ” ၈ ရက်နေ့က ဖမ်းလိုက်တာ။ ၇ ရက်နေ့က ဒီမှာ ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းမှူးနဲ့ တွဲတွေ့တယ်။ အဓိကကတော့ စစ်ကောင်စီနဲ့ပေါင်းပြီး တော်လှန်ရေးရဲဘော်‌တွေကို လက်နက်ချခိုင်းတယ်ဗျ။ ဒါ လက်ခံစရာမရှိဘူး” ဟု ဒီပဲယင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဦးဝင်းမြင့်အောင်ကို ဒီပဲယင်း-ရွှေဘိုလမ်းပိုင်းတွင် ပကဖရဲဘော်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် စစ်ကောင်စီထံတွင် အညံ့ခံကာ မုံရွာမြို့ ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)၌ ရှစ်လခွဲကြာ သွားရောက်ခိုလှုံခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

သို့​သော်ဦးဝင်းမြင့်​အောင်မှာ စစ်​ကောင်စီနှင့်ပူး​ပေါင်းပြီးPDFများကိုလက်နက်ချရန် စည်းရုံးခြင်း၊နမခတွင် သွား​ရောက်​နေထိုင်ခြင်းဆိုသည်နှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။ သို့​သော် ဒီပဲယင်း ပကဖ မှ တာဝန်ရှိသူတစ်ဦးက”နမခထဲမှာ သွားခိုနေတာ။ ဒါကို သူကိုယ်တိုင်ဖြောင့်ချက်ပေးပါတယ်” ဟု ဆက်​ပြောသည်။

English Version:

Dismissed from the NLD party, the Ex-member of Di Pa Yin was Arrested by PDF and Transferred to NUG for Investigation.

It is reported that U Win Myint Aung, member of the People’s Hluttaw of Di Paying Township, who was organizing the PDFs to surrender to the Military Council together with the Military Council, was arrested by the PDF (People’s Defense Forces) and handed over to the Ministry of the Interior of the National Unity Government.

The National League for Democracy Party (NLD) expelled U Win Myint Aung, the winner of the 2020 election from the party last March, on June 8th. “I was arrested on the 8th. On the 7th, I met with the military council platoon commander who was here. The main thing is that together with the military council, the revolutionary soldiers were forced to surrender. This is unacceptable,” said an official from Dipaying Township NUG.

U Win Myint Aung was arrested by PDF comrades in Dipaying-Shwebo road section. He surrendered to the military council and took refuge at the North West Regional Military Headquarters in Monywa for eight and a half months, said a People’s Defense soldier.

However, regarding U Win Myint Aung’s cooperation with the Military Council to organize the PDFs to surrender, and visiting and living in Namkha, People’s Spring cannot confirm separately. However, an official from Dipaying Pakaf said, “He’s hiding in Nah mah kha (Monywa). He straightens this himself,” he continued.

Source: People’s Spring

Translated: Tongsan Media Admin Team

Hits: 12

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *