ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ ကလေးနဲ့ တီးတိန်အကြား ကနေဒီတောင်ထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ၂၁ ရက် နံနက် ၄ နာရီခန့် မှာ PDF Zoland က တိုက်ခိုက်သိမ်းးပိုက်လိုက်ကြောင်း PDF – Zoland သတင်းရင်းမြစ်ထံကအတည်ပြုလိုက်သည်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထွက်ပြေးသွားတာကြောင့် လိုက်လံ ဖမ်းဆီးနေတယ်လို့လည်း PDF – Zoland ထံမှသိရသည်။ တိုက်ပွဲ အတွင်းမှာ PDF Zoland ရဲဘော် Tg. Kam Lian Pau ကျဆုံးတယ်လို့ PDF Zoland က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့်ရှိသည့် အဆိုပါစစ်ကောင်စီစခန်းကို ယနေ့ နိုဝင်ဘာ၂၁ရက် နံနက် ၄ နာရီခန့် က PDF – Zoland ဝင်ရောက်စီးနင်းတိုက်ခဲ့ပြီး၂ နာရီ ဝန်းကျင်တိုက်ပွဲဖြစ်ပွားပြီး​နောက် နံနက် ၆နာရီ​ကျော်တွင် စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း PDF – Zoland တာဝန်ရှိသူကပြောသည်။ စစ်ကောင်စီတပ်စခန်းမှ လက်နက်အကြီးနှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်းလည်းသိရသည်။

“တီးတိန်မြို့နယ်၊ ကနေဒီတောင် စကစ တပ်စခန်း ပြည်သူလက်ထဲရောက်ရှိသွားပါပြီ” ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။ ကနေဒီတောင်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင်စခန်းချလာခြင်းဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed