Month: အောက်တိုဘာ 2023

ချင်းတောင်တန်းက တောင်ဇလပ်ပန်းပွင့်များ စာအုပ်သစ်ထုတ်ဝေ

ဒေါက်တာစီ၊ ထန်ဇာတွင်း ရေးသားပြုစုတဲ့ “ချင်းတောင်တန်းက တောင်ဇလပ်ပန်းပွင့်များ (Rhododendron Flowers From Chin Hills) ဂုဏ်ပြုအပ်သော ချင်းရှေ့ဆောင်ပုဂ္ဂုလ်များနှင့်သိမှတ်ဖွယ်ရာများ” စာအုပ်သစ်မိတ်ဆက်ပွဲကို အောက်တိုဘာ ၃၀ ရက်တွင် အင်းစိန်မြို့၊ ဗေသလ နှစ်ခြင်းအသင်းတော်မှာ ပြုလုပ်ကြပါတယ်။ယင်းစာအုပ်တွင် သမိုင်းဝင်မှတ်တမ်းတင်အပ်တဲ့ ချင်းလူမျိုး (၈၅) ဦးရဲ့ သမိုင်းအကျဉ်းချုပ်ကိုရေးသား ပြုစုထားပါတယ်။ စာရေးသူ ဒေါက်တာစီ၊ ထန်ဇာတွင်းက “ကမ္ဘာပေါ်တွင်…

ဗိုလ်မှူးနဲ့ ဗိုလ်ကြီး အပါအဝင် စစ်အုပ်စု ခုနှစ်ယောက်ကို MDY-PDF က လက်ရဖမ်းဆီ:

“၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ “တောင်သမန် စစ်ဆင်ရေး” ဆင်နွှဲနေတဲ့ ငါးရက်အတွင်း ဗိုလ်မှုးအဆင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် တစ်ယောက်နဲ့ ဗိုလ်ကြီးအဆင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ယောက် အပါအဝင် စစ်အုပ်စု လက်နက်ကိုင် ခုနှစ်ယောက် ဖမ်းမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) – MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။ တောင်သမန် စစ်ဆင်ရေးအဖြစ် စစ်အုပ်စုကို အရှိန်မြင့်…

ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’အတွင်း စစ်ကောင်စီတပ်စခန်း ၇၀ကျော်သိမ်းပိုက်နိုင်ပြီး ချင်းရွှေဟော်မြို့ နှင့် ဖောင်းဆိုင်မြို့တို့ ၌ စစ်ကောင်စီတပ်လုံး၀မရှိတော့

ကိုးကန့်တပ်မတော် (MNDAA) အပါအဝင် ညီနောင်မဟာမိတ်တပ်များပူးပေါင်းဆင်နွှဲနေသည့် '၁၀၂၇ စစ်ဆင်ရေး'ကာလအတွင်း စစ်ကောင်စီတပ်စခန်း ၇၀ ကျော် သိမ်းပိုက်ထားနိုင်ပြီးဖြစ်ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောကြားသည်။ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ရက်ကစတင်ခဲ့ရာ အောက်တိုဘာ ၃၀ရက်ညပိုင်းအထိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်မှု အခြေအနေနှင့် မြို့ကိုစီးနင်းထိန်းချုပ်ထားနိုင်သည့် အခြေအနေများကို မေးမြန်းရာ MNDAAက ညီနောင်သုံးဖွဲ့ ပေါင်းသိမ်းပိုက်သည့် စခန်း စုစုပေါင်း…

ချင်းရွှေဟော်ရှိ စစ်တပ်ဗျူဟာကုန်း၊ ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ချင်းရွှေဟော်မြို့မှ ပြည်သူများက ပြောဆိုသည်။ “မြို့ထဲမှာတော့ ကိုးကန့် တပ်တွေ တပ်စွဲထားတယ်။ မနက်ပိုင်းအစောပိုင်းက ပစ်ခတ်မှုတချို့ရှိပေမယ့် အခုတော့ ပစ်ခတ်မှု မရှိတော့ဘူး။ မြို့ထဲက ပြည်သူတချို့ ၀ ပြည်နယ်ဘက်ကို…

မတူပီတွင် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ခရိုင်ရုံးကို တိုက်ခိုက်မှု စစ် သား ၂ဦးသေဆုံး ၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အင်အားလာဖြည့်သည့် စစ်ကောင်စီတပ်ကို အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ချင်းကာကွယ်ရေးတပ် (CDF- Matupi) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ၂ ဦးသေဆုံး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CDF မတူပီတပ်ရင်း ၂ မှ တာဝန်ရှိသူက ယနေ့ (အောက်တိုဘာ ၂၈ရက်)တွင်…

ကော့ကရိတ်မြို့တိုက်ပွဲအတွင်း ပြည်သူ့အချို့ သေဆုံးမှုရှိခဲ့၊ ဒေသခံများ စစ်ဘေးရှောင်နေရ

အောက်တိုဘာ၂၇ရက်၊ မနက် ၅ နာရီအချိန်မှစတင်ကာ ညပိုင်းအချိန်အထိ ကော့ကရိတ်မြို့အတွင်း၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယနေ့မနက်ပိုင်းတွင်လည်း ကျုံဒိုးမြို့နယ်မှ ကော့ကရိတ်မြို့နယ်ဘက်သို့ စစ်ကောင်စီ လက်အောက်ခံ BGF ကား ၂၁ စီးအင်အားဖြည့်လာသည်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ် တစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ကြောင့်…

နမ့်ခမ်းမြို့နယ်ရှိ စစ်တပ် စခန်း ၃ ခုကို TNLA က တိုက်ခိုက် သိမ်းပိုက်၊ စစ်သား အလောင်း ၁၈ လောင်းနှင့် လက်နက် အများအပြား သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်း ၃ ခုကို TNLA က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၂၇ရက်နေ့ နံနက် ၄ နာရီခန့်တွင် TNLA တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ် ကားလမ်းရှိ ၁၃ မိုင် တပ်စခန်း၊…

ချင်းပြည်နယ်က စစ်ရာဇဝတ်မှုတွေအတွက် ဖိလစ်ပိုင်မှာတိုင်ကြား

မြန်မာနိုင်ငံရှိ လူနည်းစု ချင်းလူမျိုး ခရစ်ယာန်ဘာသာဝင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးပေး ဖို့အတွက် ချင်းတိုင်းရင်းသား ၅ ဦးက ဖိလစ်ပိုင် တရားရေးဌာနမှာ တိုင်ကြား တောင်းဆိုလိုက်ပါတယ်။ “စစ်ရာဇဝတ်မှုအဖြစ် ဖိလစ်ပိုင်မှာ ပထမဆုံးအကြိမ် တိုင်ကြားတဲ့ အမှုဖြစ်တာကြောင့် ထူးခြားတဲ့ အမှုတခုဖြစ်ပြီး၊ ၂၀၁၀ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အက်ဥပဒေ လို့ခေါ်တဲ့ ဖိလစ်ပိုင်ဥပဒေနဲ့အညီ တိုင်ကြားတာ ဖြစ်ပါတယ်။…

ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်ဒေသ တစ်ခုလုံးရှိ စစ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့

ရှမ်းပြည်နယ်‌ မြောက်ပိုင်းရှိ အကြမ်းဖက် စစ်တပ် စခန်းများကို ၁၀၂၇ စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ချင်းရွှေဟော် ဒေသတစ်ခုလုံးရှိ အကြမ်းဖက် စစ်တပ် စခန်း များကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA ၏ သတင်းပြန်ကြားရေး The Kokang က သတင်းထုတ်ပြန်ထားသည်။ ယနေ့ အောက်တိုဘာလ ၂၇ ရက် နံနက် ၄ နာရီခန့်တွင် MNTJP/MNDAA…

စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး KNU ထံ ဝင်ရောက်ခိုလှုံ

ကရင်ပြည်နယ် ၊ ကရင်အမျိုးသားအစည်းအရုံး ( KNU) တပ်မဟာ ၆ နယ်မြေတွင် ခမရ- ၄၃၂ နဲ့စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း စအရ- ၉၁၈ မှ တပ်သား ၆ ဦးနဲ့ ရဲတပ်ကြပ် ၁ ဦး KNU ထံ ဝင်ရောက်ခိုလှုံတယ်လို့သိရပါတယ်။ကရင်အမျိုးသားအစည်းအရုံး ( KNU)ထံခိုလှုံလာသော စအရ- ၉၁၈မှ တပ်ကြပ် ဇေယျအောင် ၊…

You missed