August 20, 2023 || TONGSAN mEDIA gROUP ||

ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို ဒီကနေ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ကစားရာမှာ စပိန်အသင်းက အင်္ဂလန်အသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရပြီး စပိန်အသင်း ချန်ပီယံ ဖြစ်သွားပါပြီ။ စပိန်အသင်းအတွက် ကမ္ဘာ့ဖလား အမျိုးသမီး ချန်ပီယံအဖြစ်နဲ့ ပထမဆုံးအကြိမ် သမိုင်းဝင် အောင်ပွဲလည်း ဖြစ်ခဲ့တာပါ။

ပထမပိုင်းမှာ ၂ သင်းလုံး ဂိုးသွင်းခွင့်တွေ ရခဲ့ကြပေမဲ့ ၂၉ မိနစ်အကြာမှ စပိန်အသင်းက ပထမဆုံးဂိုး ရခဲ့ပြီး ဦးဆောင်ကစားခဲ့တာပါ။ ဒုတိယပိုင်းမှာ စပိန်အသင်းက ပယ်နယ်တီ ပြစ်ဒဏ်ဘောအတွက် ဂိုးသွင်းခွင့် ထပ်မံရရှိခဲ့ပေမဲ့၊ အင်္ဂလန်ဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း အဆုံးသတ်တဲ့အထိ ၂ ဖက်စလုံး နောက်ထပ် ဂိုးမရခဲ့တာကြောင့် ၁ ဂိုး၊ ဂိုးမရှိနဲ့ အဆုံးသတ်ခဲ့တာပါ။

Ref: VOA

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed