စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စက်မှုဇုံအနီးမှာ ဒီဇင်ဘာ ၉ ရက်နေ့ မနေ့ညနေက ဆိုင်ကယ်နဲ့ မိုင်းနင်းမိတာကြောင့် အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးတဲ့ အမျိုးသမီးဟာ အသက် ၃ဝ အရွယ် ဖြစ်ပြီး မိုင်းနင်းမိကာ သေဆုံးခဲ့ပြီး သူနဲ့ အတူပါလာတဲ့ အသက် ၂၀ အရွယ် အမျိုးသားကတော့ ခြေနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ သေသွားတဲ့ အမျိုးသမီးရဲ့ ယောကျာ်းက ကုန်တင်ကားမောင်းတာ၊ အဲ့မှာ ကားနောက်လိုက်လိုတော့ ကောင်လေးတစ်ယောက်နဲ့ သူ့ယောက်ျားကားရှိတဲ့ နောက်ကိုလိုက်တာ၊ လိုက်ပို့ပေးတာပေါ့၊ ပြီးတော့ သူပြန်လာမယ်ပေါ့လေ။ စက္ကန့်ရွာသုသာန်အကျော် အနားမှာ ဆိုင်ကယ်နဲ့မိုင်းနင်းမိတာပဲ။ စက္ကန့်ရွာထဲမှာလည်း စစ်သားတွေက ရှိနေတုန်းထင်တယ်။ အမျိုးသမီးကတော့ ပွဲချင်းပြီးသေသွား ဖြစ်နိုင်တယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ဒဏ်ရရှိတဲ့ အသက်၂၀အရွယ် အမျိုးသားကိုတော့ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်က စက္ကန့်ရွာမှာ ဒေသကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ကာ စက္ကန့်ကျေးရွာက နေအိမ်တွေကို အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့လို လက်ရှိအချိန်ထိ ကျေးရွာအတွင်းမှာ တပ်စွဲနေရာယူထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဩဂုတ်လ ၁၂ ရက်မှာ အသက် ၅၀ အရွယ် ဒေါ်ဟွေးအီယာန်နဲ့ သူရဲ့သား အသက် ၃၀ အရွယ် ကိုစမြူရယ် တို့ဟာ ကျွန်းချောင်းရွာကနေ ကလေးမြို့ကို ဆိုင်ကယ်နဲ့ သွားချိန် စက္ကန့်ရွာအနီး အရောက်မှာတော့ စစ်ကောင်စီတပ်နဲ့ တိုးပြီး ဖမ်းဆီးသတ်ဖြတ် မီးရှို့ခံခဲ့ရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed