August 8, 2023 || Tongsan Media Group ||

ကလေးမြို့မြောက်ဘက် ကလေး-လက်ပံချောင်းကားလမ်းမပေါ် တွင် ယနေ့မွန်းလွဲပိုင်း ၁ နာရီ၀◌န်းကျင်ခန့်က ဗုံးပေါက် ကွဲကာ အရပ်သား တစ်ဉီးသေဆုံးခဲ့သည်ဟု သိရသည်။ ကလေး-လက်ပံချောင်းကားလမ်းမပေါ်တွင်တည်ရှိသော Tlangzawl ကျေးရွာ သချိုင်းကုန်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၃ ဉီးထိခိုက်ဒဏ်ရာရရှိကာ ဒိုး၀◌ိုင်းချောင်းကျေးရွာသား အသက် ၁၈ နှစ်အရွယ် Lalpianpuia သည် ပြင်းထန်ဒဏ်ရာကြောင့် ယနေ့မွန်းလွဲပိုင်း ၂ နာရီ ၄၀ မိနစ်ခန့်တွင် သေဆုံးခဲ့သည်ဟု သိရသည်။

၎င်းတို့သည် ပျဉ်းတောဉီးကျေးရွာသို့ နွားသွားယူပြီး ပြန်လာသည့် အချိန် Tlangzawl ကျေးရွာ သချိုင်းကုန်းအနီး လမ်းဘေး တွင်ထောင်ထားသော မိုင်းကို နွားက နင်းမိ၍ ပေါက်ကွဲခဲ့ကြခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူ ၃ ဉီးအနက် Lalpianpuia သည် ပြင်းထန်ဒဏ်ရာကြောင့်သေဆုံးခဲ့ပြီး ကျန်နှစ်ဉီးမှာလည်း ဆေးရုံတွင်ကုသ မှုခံယူနေကြောင်း သိရသည်။ မိုင်းနင်းမိသည့် နွားမှာလည်း သေလုနီးပါးဒဏ်ရာရရှိသည့်အတွက် သတ်လိုက်ကြသည်ဟု သိရသည်။ ကလေး-လက်ပံချောင်းကားလမ်းသည် ကလေးမြို့မြောက်ပိုင်းဒေသနှင့်ဆက်သွယ်ရာတွင် အဓိကအသုံးပြုသော ကားလမ်း မကြီးဖြစ်သည်။ ယခုပေါက်ကွဲသည့် မိုင်းမှာ မည်သည့်တပ်ဖွဲ့များမှထောင်ထားသည့် မိုင်းဖြစ်သည်ကိုမူ မသိရပေ။

Source: Khonumthung

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed