ဇူလိုင် ၃၁ || Tongsan Media Group ||

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့ ဒီကနေ့ မနက်မှာ ကာလုံ အစည်းအဝေးခေါ်ယူပြီး အရေးပေါ်ကာလ ကို နောက်ထပ် ၆ လ သက်တမ်းတိုးမြင့်လိုက်တယ် လို့ထုတ်ပြန်ပါတယ်။ ဒီနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှာ သက်တမ်းတိုးခဲ့တဲ့ အ‌ရေးပေါ်ကာလဟာဒီကနေ့မဏ္ဍာ ကုန်ဆုံးဖြစ်လို့၂၀၀၈ ဖွဲ့စည်းပုံရဲ့ ၄၂၁(ခ)၊ ၄၂၅ နဲ့အညီ အရေးပေါကာလ ကို ၆ လသက်တမ်းတိုးမြင့်ကြောင်းကြေညာခဲ့တာပါ။ အခုတကြိမ်သက်တမ်းတိုးတာဟာ စစ်အာဏာသိမ်းကာလတစ်နှစ်ပြီးနောက် လေးကြိမ်မြောက် သက်တမ်းတိုးတာလည်းဖြစ်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ကာလုံအစည်းအဝေးမှာ ယာယီသမ္မတဦးမြင့်ဆွေက နိုင်ငံရဲ့အခြေအနေဟာ သာမန်မဟုတ်တဲ့အခြေအနေအဖြစ်သတ်မှတ်ရမှာဖြစ်လို့ စစ်ကောင်စီ ကို ထပ်မံသက်တမ်းတိုးပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးဝေဖန်သုံးသပ်သူတွေက စစ်ကောင်စီက အခုလို သက်တမ်းတိုးတာဟာ သူတို့ ကျင့်သုံးနေတဲ့ ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ကျင်းပတဲ့ ကာလုံအစည်းအဝေးကို NLD အစိုးရ လက်ထက်က ဒုတိယသမ္မတအဖြစ်တာဝန်ယူခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူလည်း တက်ရောက်ခဲ့ပြီး စစ်ကောင်စီရဲ့သက်တမ်းတိုးတာကို ထောက်ခံခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလ သက်တမ်းတိုးခြင်းကို ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးရင် သာမန်အားဖြင့် ခြောက်လနှစ်ကြိမ် သက်တမ်းတိုးပေးနိုင်ကြောင်း ပြဋ္ဌာန်းထားပေမယ့် သာမန်မဟုတ်တဲ့ အခြေအနေလို့အကြောင်းပြပြီး အခုလိုသက်တမ်းထပ်တိုးနေတာဖြစ်ပါတယ်။

Source: Maung Media

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed