၁၀၂၇ စစ်ဆင်ရေးမှ အစပြု၍ ပြည်ထောင်စုတစ်ဝန်းလုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှ CNDF Special Operation (အထူးစစ် ဆင်ရေး)ကို မဟာဗျူဟာကျကျချမှတ်ရေးဆွဲခဲ့ပြီး ခမ်းပတ်မြို့၊ မြောက် စည်းရဲစခန်းနှင့် သီးဘွာလ် စစ်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် – CNOက ထုတ်ပြန်သည်။

နိုဝင်ဘာလ ၃ ရက် နံနက် ၄ နာရီခွဲခန့်က ခမ်းပတ်မြို့ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ရဲတစ်ဦး သေဆုံးကာ MA2 သေနတ် ၃ လက်၊ M16 သေနတ် ၁ လက်၊ Short Gun သေနတ် ၂ လက်၊ကာဗိုင် သေ နတ် ၁ လက်၊ ၄၀ မမ – ၁ လက်၊ ၆ လုံးပြူး သေနတ် ၂ လက် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို CNDF ၊ SR2 ၊TDA ၊RCDF၊ABSDF နှင့် တမူးခရိုင်တပ်ရင်း (MOD) ပူးပေါင်း တပ်ဖွဲ့များမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက် အကျအဆုံးမရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ခမ်းပတ်မြို့ထဲရှိ ခလရ – ၂၂၈ တပ်စခန်းကို ဆက် လက်ထိုးစစ်ဆင်ခဲ့ရာ နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်လေတပ်မှ ထောက်ပံ့ပေးသော ကျည်သေတ္တာများကိုလည်း ကြားဖြတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင် စီတပ်သား ၅ ဦး ခန့်သေဆုံးပြီး CNDF မှ ရဲဘော် Salai Lal Pek Thanga က တိုင်းပြည်နှင့် လူမျိုးအတွက် အသက် ပေး ဆပ်ခဲ့ရကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကလေးမြို့နယ်၊ မြောက် စည်းရွာရှိ ရဲစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၄ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ် သား ၁၀ ဦးသေ ဆုံးကာ G3 သေနတ် ၆ လက်၊ G4 သေနတ် ၁ လက်၊ MAI သေနတ် ၁ လက်၊ MAT သေနတ် ၁ လက်၊ ၄၀ မမ – ၁ လက်၊ Uzi သေနတ် ၁ လက်၊ ခြောက်လုံးပြူး သေနတ် ၂ လက်၊ ၅.၅၆ ကျည် – ၂၂၇၄ တောင့်၊ ၇.၆၂ ကျည် – ၄၂၀ တောင့်၊ ၆၀ ပို့ကျည် – ၁၀ တောင့်၊ ၉ မမ ကျည် – ၄၈ဝ တောင့်၊ ကျည် ဘောက် – ၁၉ ခု၊ နင်းမိုင်း – ၁၅လုံး၊ ရှေ့ထွက်မိုင်း – ၈ လုံး၊ လက်ပစ်ဗုံး – ၇ လုံးနှင့် အခြား စစ်အသုံး အ ဆောင် ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို CNDF ၊ RKDE ၊ SR ၊ ကလေးမြို့ နယ် ပကဖ နှင့် ကလေးခရိုင် တပ်ရင်း တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး CNDF ရဲဘော် Salai Thawng Tha Cung @Cungte နှင့် RKDF မှ ရဲဘော်နှစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်ခဲ့ရကြောင်း သိရသည်။ ထို့အပြင် နိုဝင်ဘာလ ၁၄ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်က ဖလမ်းမြို့နယ်၊ သီးဘွာလ်တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၄ နာရီကျော်ကြာ လက်နက်ကြီးများ၊ ဒရုန်းများ၊ လက်နက် ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး နိုဝင် ဘာ လ ၁၅ ရက် နံနက် ၄ နာရီခွဲခန့်တွင် အကြမ်းဖက် စစ် ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် အချိန်တိုအ တွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအတွင်းမှ MAI သေ နတ် ၄ လက်၊ MA3 သေနတ် ၁ လက်၊ ၆၀ မမ စိန်ပြောင်း – ၂ လက်၊ RPG သီး – ၆၅ လုံး၊ ၄၀ မမ ဗုံးသီး အလုံး ၁၈ဝ ၊ ၆၀ မမ ဗုံးသီး – ၇၂ လုံး၊ အီနာဂါ အလုံး ၈၀ ၊ လက်ပစ်ဗုံး – ၆၃ လုံး၊ Drone Jammer ၁ ခု၊ ၅.၅၆ ကျည် – ၁၆၂၅၂ တောင့်၊ ၇.၆၂ ကျည် – ၈,၁ဝဝ တောင့်၊ နင်းမိုင်း – ၅၁ လုံး၊ ရှေ့ထွက်မိုင်း – ၂၃ လုံးနှင့် အခြားစစ်အသုံး အဆောင် ပစ္စည်းများ သိမ်းဆည်းခဲ့ရကြောင်း၊ ထို့အပြင် ဂိုဒေါင်မှ ဆန်အိတ် ၆၁ အိတ်နှင့် စားသောက်ကုန်ပစ္စည်း များ၊ စခန်းအတွင်း မွေးမြူ ထားသော ကြက်၊ ဝက် များကိုလည်း သိမ်းဆည်းခဲ့ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါသီးဘွာလ်တပ်စခန်းမှ လက်နက်ခဲယမ်းများနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းယူပြီးနောက် မနက် ၆ နာရီခွဲ အချိန်ခန့်တွင် ယင်းစခန်းအား မီးရှို့ဖျက်စီးခဲ့ကြောင်း၊ ယင်းတပ်စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး CNDF မှ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ရှိခဲ့ကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed