ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ခိုင်ကမ်းရဲစခန်းအနီးရှိ ဒေသခံပြည်သူများအနေဖြင့် ဘေးကင်းရာရှောင်ရှားပေးကြရန် CDF-CDM (စီးယင်း)က ထုတ်ပြန်သည်။ တီးတိန်မြို့နယ်အတွင်း သိုင်းငင်းစခန်းကို သိမ်းပြီးနောက် ကျန်ရှိနေသေးသော ခိုင်ကမ်းမြို့ရှိ ရဲစခန်းကို မကြာမီအချိန်အတွင်း သိမ်းပိုက်ထိန်းချုပ်တော့မည်ဖြစ်သောကြောင့်ဟု CDF – CDM(စီးယင်း)က ဆိုသည်။

“ကိုးမိုင် ခိုင်ကမ်းရှိ ပြည်သူ့ချစ်ရဲဝန်ထမ်းများ၊ စစ်ဝန်ထမ်းများ တိုက်ပွဲမစမီ အမြန်ဆုံး CDF-CDM (စီးယင်း)ထံ အလင်းဝင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံပါ”ဟု CDF-CDM (စီးယင်း)မှ တာဝန်ရှိသူက ပြောသည်။ ခိုင်းကမ်းမြို့သည် ကလေးမြို့မှ (၉)မိုင်အကွာ၊ ကလေး – သိုင်းငင်းလမ်းမကြီးပေါ်တွင် ရှိသည်။

“ပြည်သူတွေအနေနဲ့ ကြိုတင်ရှောင်ရှားနိုင်အောင် အသိပေးထားတော့ မဖြစ်မနေရှောင်ရမှာပေါ့။ အသက်က အရေးကြီးပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ သိုင်းငင်းမြို့ရှိ စစ်ကောင်စီစခန်းကို ဇန်နဝါရီ ၁၆ရက်တွင် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ထားသည်။

ထို့အပြင် နှစ်လကျော်ကြာပိတ်ထားသည့် ကလေး – သိုင်းငင်းလမ်းမကြီးကို ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း CDF-CDM (စီးယင်း)က ထုတ် ပြန်ထားသည်။ ကလေး – သိုင်းငင်းလမ်းပိုင်းသည် ကလေးမြို့မှ တီးတိန်နှင့် ဖလမ်းမြို့တို့ကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed