ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကျေးရွာတစ်ရွာမှာဒီဇင်ဘာ ၂၁ရက်နေ့က “အာဏာရှင်သက်ဆိုးမရှည်ဖို့ လူထုအားလုံးပါဝင်စို့” ဆိုတဲ့ခေါင်းစဥ်နဲ့ ဒုတိယအကြိမ် လူထုဆန္ဒခံယူပွဲနဲ့ လူထုထောက်ခံပွဲတစ်ရပ်ကို ကျင်းပခဲ့တယ်လို့ ဒေသတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အဲ့ဒီအစီစဥ်မှာ တီးတိန်မြို့နယ်ကရပ်မိရပ်ဖတစ်ချို့နဲ့ ဒေသခံပြည်သူ ၁၂၀ ကျော်တက်ရောက်ခဲ့ကြပြီး နွေဦးတော်လှန်ရေးနဲ့ခေတ်အဆက်ဆက်ကျဆုံးခဲ့တဲ့ တော်လှန်ရေး သူရဲကောင်းတွေကို အောက်မေ့သတိရတဲ့အနေနဲ့ စက္ကန့် ၃၀ အသံတိတ်ခြင်းအစီအစဥ်နဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးတိုက်ပွဲဝင်နေတဲ့ကဏ္ဍအသီးသီးက သူရဲ ကောင်းတွေကိုစက္ကန့် ၃၀ လက်ခုပ်တီးဂုဏ်ပြုခြင်းတွေပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“တီးတိန်မှာရှိတဲ့ လူထုတရပ်လုံး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေကို ထောက်ခံတဲ့အနေနဲ့ လူထုထောက်ခံပွဲကို ဒုတိယအကြိမ် တီးတိန်မြို့မှာ ကျင်းပတာဖြစ်ပါတယ်။ အခု တစ်နိုင်ငံလုံးမှာ ပျံ့နှံ့နေတဲ့ အာဏာရှင်အငွေ့အသက်ကို လူထုတရပ်လုံး တော်လှန်အမြစ်ဖြတ်နေတဲ့အချိန်မှာအာဏာရှင်သက်ဆိုးမရှည်ရေး၊ အာဏာရှင်အမြစ်ပြတ်ရေးကို တီးတိန် လူထုနဲ့အတူပြုလုပ်တာဖြစ်ပါတယ်” လို့ တီးတိန်မြို့နယ် လူထုထောက်ခံပွဲကို ဦးဆောင်သူက ပြောပါတယ်။

လက်ရှိ ၁၀၂၇ လှိုင်းလုံးကြီးနဲ့အတူ နိုင်ငံတဝှမ်းက စခန်းသိမ်းတိုက်ပွဲတွေကို ဆင်နွှဲနေတဲ့ KIA, PDF Zoland, KNPP, KNDF, MNDAA, TNLA, KNU, AA, ICNCC တို့အပြင် အခြားသောတော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့အတူ ရပ်တည်ကြောင်းပြသပြီးအာဏာရှင် အမြစ်ပြတ်ရေးတရားများဟောကြားခဲ့တယ်လို့ ဆိုပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed