ချင်းပြည်နယ်အတွင်းရှိ EAO ၊ မြို့နယ်နဲ့ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ ဖွဲ့စည်းထားတဲ့ ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (Chinland Joint Defense Committee – CJDC ) ကိုဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း CJDC တာဝန်ရှိသူတစ်ဦး ပြောပြချက်အရသိရပါတယ်။ CJDC ကိုချင်းပြည်နယ်အတွင်းရှိ EAO ဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော် (CNA)၊ မြို့နယ်အလိုက် ကာကွယ် ရေးတပ်ဖွဲ့ ၉ ဖွဲ့၊ ဒေသအလိုက်ကာကွယ်ရေးတပ်ဖွဲ့ ၇ဖွဲ့နဲ့ CDF KKG တို့ပူးပေါင်းကာ စုစုပေါင်း ၁၈ ဖွဲ့ဖြင့် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

CJDC အဖွဲ့ဝင်များမှ၂၀၂၃ ခုနှစ်ဒီဇင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်နှစ်ရက်တာ အစည်းအဝေးကို လွတ်မြောက် နယ်မြေတစ်နေရာ တွင်ပြုလုပ်ပြီးနောက် အစည်းအဝေးဆုံးဖြတ်ချက်အရ CJDC ကိုဖျက်သိမ်း ကြောင်း သိရပါ တယ်။ထိုအစည်းအဝေးတွင် CDF-Daai ကခွင့်တိုင်ထားတာကြောင့် မတက်ရောက်နိုင်ပေမယ့် တစ်ခြား အဖွဲ့ များစုံလင်တယ်လို့သိရပါတယ်။

“CJDC ဖျက်သိမ်းတယ်ဆိုတာ မှန်ပါတယ်။ချင်းပြည်ကောင်စီပေါ်ပေါက်လာပြီမို့ ချင်းပြည်ကေင်စီရဲ့ ဥပဒေ အရ ချင်းပြည်အစိုးရ၊ ချင်းပြည်နယ်ကာကွယ်ရေး ဝန်ကြီးဌာန ရှိလာတော့ မှာဆိုတော့ အစိုးရတစ်ခုအောက်မှာက ကာကွယ်ရေးတပ် တစ်တပ်ဘဲရှိရမှာဆိုတော့ CDJC ကမလိုတော့လို့ဖျက်သိမ်းလိုက်တာပါ။ CJDC အဖွဲ့ဝင်တွေထဲမှ ချင်းလဲန်းကောင်စီမှာပါဝင်နိုင်တဲ့ အဖွဲ့ ၁၄ဖွဲ့ ရှိသလိုမပါဝင်နိုင်သေးတဲ့အဖွဲ့တွေလည်း ရှိပါ တယ် ” လို့ CJDC တာ ဝန်ရှိသူတစ်ဦးက ပြောပါတယ်။

CJDC အနေဖြင့် အထူးကွန်မန်ဒို တပ်ဖွဲ့ဖွဲ့စည်းခဲ့ကာ CJDC ရဲ့ဗျူဟာရေးဆွဲမှုဖြင့် ချင်းပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လိုင်ဗား စစ်ဆင်ရေး၊ သီမြစ် စစ်ဆင်ရေး၊ သီးဘွလ် စစ်ဆင် ရေး၊ထန်တလန် စစ်ဆင်ရေး တို့အပါအဝင် တစ်ခြားသောစစ်ဆင်ရေး များကို စတင်ဖွဲ့စည်းတဲ့၂၀၂၁ ဩဂုတ် လကနေပြီး ၂၀၂၂ ခုနှစ်နှစ် ကုန် အထိဖော်ဆောင်ခဲ့ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဌာနက ပေးအပ်တဲ့ လက်နက် အလက် ၁၀၀ ကို လည်း CJDC တပ်ဖွဲ့ဝင်များက၂၀၂၂ ခုနှစ် ဩဂုတ်လမှာ သွားယူခဲ့တာဖြစ်ပြီး လမ်းတစ်ဝက် ရင်ပေါင်တိုင် အရောက်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ခြင်းခံခဲ့တာကြောင့် တပ်ဖွဲ့ဝင်များဖြစ်ကြတဲ့ CNA က တစ်ဦး၊ CNDF မှတစ်ဦး၊ CDF Mindat မှတစ်ဦးနဲ့ CDF- KKG မှတစ်ဦးတို့က အသက်ပေးသွားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ဇန်နဝါရီလတွင်မူ လက်နက်လိုအပ် ချက်များကြောင့် အထူး ကွန်မန်ဒို တပ်ဖွဲ့ကို ယာယီရပ်ဆိုင်းခဲ့ ပြီး လက်နက်များကို EAO၊ မြို့နယ်နဲ့ဒေသအလိုက် ခွဲဝေခဲ့ကြတယ်လို့ သိရပါတယ်။ ထိုသို့ခွဲဝေရာတွင် CNA ကို ၉ လက်၊ မြို့နယ်ကာကွယ်ရေးတစ်ဖွဲ့စီကို ၆ လက်စီ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ၃ လက်စီနဲ့ ကျန်ရှိတဲ့ လက်နက်တစ်ချို့ကိုလိုအပ်တဲ့တပ်ဖွဲ့များထံပေးအပ်ခဲ့တယ်လို့သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed