ဂါဇာစီတီးက Al Ahli ဆေးရုံကို အစ္စရေးဒုံးကျည် ထိမှန်တဲ့အတွက် ဆေးရုံမှာ ခိုလှုံနေတဲ့ အရပ်သားတွေ အနည်းဆုံး တစ်ရာကျော် သေဆုံးကြောင်း ပါလက်စတိုင်း အာဏာပိုင်တွေက အောက်တိုဘာ ၁၇ ရက်မှာ ပြောပါတယ်။
ပစ်ခတ်ခံရချိန်မှာ လူ ၉၀၀ နီးပါး ရှိနေတဲ့အတွက် သေဆုံးအရေအတွက်နဲ့ ဒဏ်ရာရသူတွေ များနိုင်တယ်လို့လည်း ပါလက်စတိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အစ္စရေး အစိုးရ တာဝန်ရှိသူတွေကတော့ ဆေးရုံကို အစ္စရေးက ပစ်ခတ်တာလား၊ ဟားမတ်စ်အဖွဲ့က ပစ်ခတ်တဲ့ ဒုံးကျည် ကျရောက်ပေါက်ကွဲတာလားဆိုတာကို အသေးစိတ် စုံစမ်းစစ်ဆေးနေကြောင်း ပြောထားပါတယ်။

အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ရဲ့ ခရီးစဥ် မတိုင်ခင်လေးမှာ အစ္စရေးတွေက ဆေးရုံကိုပါ ပစ်ခတ်တယ်ဆိုတာကို ဟားမတ်စ်တွေက တမင် ဖန်တီးတာ ဖြစ်သလို နိုင်ငံတကာ ထောက်ခံမှု ရအောင် ကြိုးစားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အစ္စရေးသတင်းတွေက စွပ်စွဲထားသလို ဟားမတ်စ်တွေကလည်း ဆေးရုံကိုပါ ပစ်ခတ်နေတဲ့ အစ္စရေးကို နိုင်ငံတကာက ဝိုင်းဝန်းပိတ်ဆို့အရေးယူဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။

ဒါ့အပြင် ဂါဇာစီတီးက Al Ahli ဆေးရုံကို ပစ်ခတ် တိုက်ခိုက်တာဟာ အဆိုးဝါးဆုံးစစ်ရာဇဝတ်မှုကြီးကို ကျူးလွန်တဲ့လုပ် ရပ်ဖြစ်ပြီ: စစ်ရာဇဝတ်မှုမှာ အဓိက တာဝန်ရှိသူဟာ အမေရိကန်ဖြစ်တယ်လို့ ရုရှားလုံခြုံရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်က ပြောပါတယ်။ ဆေးရုံ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အစ္စရေးဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပိုမို ပြန့်နှံ့လာသလို အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေမှာဆိုရင် အစ္စရေသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကိုပါ တိုက်ခိုက်ဖို့ ကြိုးစားလာတာတွေ တွေ့ရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed