July 26, 2023 || Tongsan Media Group ||

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသနယ်မြေများတွင် ဇွန်လအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၃၇၄ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။

စစ်ဒေသ(၁)နယ်မြေများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၃၇၄ ကြိမ်အနက် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မှု ၁၂၅ကြိမ်၊ ထိတွေ့တိုက်ပွဲ ၁၀၃ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၇၄ကြိမ်၊ တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် တိုက်ခိုက်မှု ၄၆ကြိမ်၊ ရန်သူစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၆ကြိမ်ပါဝင်သည်ဟု ဖော်ပြသည်။

အဆိုပါ တိုက်ပွဲများအတွင်း ရန်သူ ၄၁၇ဦး သေဆုံးကာ ၅၂၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၄၇ဦး ကျဆုံးကာ ၁၄၃ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။ ရန်သူ့ထံမှ လက်နက်မျိုးစုံ (၄၈)လက်နှင့် ဒရုန်း(၂၅)စီး အပါအဝင်ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲများကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Source: People’s Spring

Translated in Burmese: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed