August 2, 2023 || Tongsan Media Group ||

သြဂုတ် ၁ ရက်နေ့ အာဏာသိမ်းစစ်ကောင်စီရဲ့လွတ်ငြိမ်းသက်သာခွင့်ပြုတဲ့ တနိုင်ငံလုံ ထောင်ကျနေသူ ၇၇၄၉ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်သာ ပါဝင်လာတာကိုအတည်ပြုနိုင်ထားပြီး အများစုဟာ ထောင်ဒဏ်စေ့ခါနီးသူတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်‌ရေး အသင်း(AAPP)က ဒီနေ့ သြဂုတ် ၂ ရက်နေ့ မှာ အသိပေးပါတယ်။

လွတ်မြောက်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသားတွေပါဝင်မှု ရှိမရှိ စိစစ်အတည်ပြုတာကို အဟန့်အတားဖြစ်စေဖို့ လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အချက်အလက်ကို စစ်ကောင်စီဘက်ကပွင့်ပွင့်လင်းလင်းထုတ်ပြန်တာမျိုးမရှိဘူးလို့ AAPP က ထောက်ပြပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မတရားဖမ်းခံရသူတွေသာဖြစ်တယ်လို့လည်း AAPPက မှတ်ချက်ပြုထားပါသေးတယ်။ ဒါအပြင် လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာလည်း ချထားတဲ့ထောင်ဒဏ်စေ့ဖို့ လပိုင်းလောက်ပဲ ကျန်တော့တဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။

Source: People’s Spring

Translated: Tongsan Media Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed