September 14, 2023 || Tongsan Media Group ||

စစ်ကောင်စီက အိမ်ရှင်အဖြစ် မနေ့ စက်တင်ဘာ ၁၃ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အကြိမ်၂၀ မြောက်အာဆီယံ လေတပ် ဦးစီးချုပ်များအစည်းအဝေး ကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံမှ လေတပ်ဦးစီးချုပ်တွေသာ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီအစည်းအဝည်းကို ဖိလစ်ပိုင်နဲ့ စင်ကာပူ လေတပ်ဦးစီးချုပ်တို့က ဗီဒီယိုမက်ဆေ့နဲ့ ပေးပို့ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီပြုလုပ်မယ့် လေတပ်အစည်းအဝေးကို ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က လုံးဝတက်ရောက်မှာ မဟုတ်ဘူးလို့ အစည်းအဝေးမလုပ်ခင်တည်းက အသီးသီးထုတ်ပြန်ထားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မလိုက်နာတာ၊ ပြည်သူတွေကို လေကြောင်းက အကြမ်းဖက်သတ်ဖြတ်နေတာကြောင့် စစ်ကောင်စီလုပ်မယ့် အစည်းအဝေးကို မတက်ရောက်ဘူးလို့ အဆိုပါနိုင်ငံတွေက အတိအလင်း ထုတ်ပြန်ထားပါတယ်။ ပြည်သူကို လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီလုပ်မယ့် အစည်းအဝေးကို မတက်ရောက်ဖို့ Justice for Myanmar အဖွဲ့ကလည်း အာဆီယံနိုင်ငံတွေကို တောင်းဆိုထားပါတယ်။

နှစ်စဉ်ကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ဖို့၊ အစွန်းရောက်တွေ တိုက်ထုတ်ဖို့နဲ့ သဘာဝကပ်ဘေး ကူညီကယ်ဆယ်ရေးတွေ ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်။ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကျင်းပတဲ့ အဲ့ဒီအစည်းအဝေးကို နောင်နှစ်မှာတော့ အိမ်ရှင်အဖြစ် ကမ္ဘောဒီးယားမှာ ပြုလုပ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်မှာ တစ်ကြိမ်ကျင်းပပြီးခဲ့တာကြောင့် အခု တစ်ကြိမ် အိမ်ရှင်အဖြစ် ကျင်းပတာဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

Source: Burma Media Consortium

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed