ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် မရာနယ်မြေ အုပ်ချုပ်ရေး ကောင်စီ(MTC/MDF) က “ချင်းညီနောင်” တွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ကြောင်း ချင်းညီနောင်က ယနေ့မှာ သတင်း ထုတ်ပြန်သည်။ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း၊ မိမိကံကြမ္မာမိမိဖန်တီးခွင့်ရှိခြင်း စသည့် ဘုံသဘောတူညီချက်များနှင့်အညီ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council/ Maraland Defense Force)ကို ဇန်နဝါရီလ ၃၀ ရက်မှစ၍ “ချင်းညီနောင်” အဖွဲ့ဝင်အဖြစ် အတည်ပြုလိုက်ကြောင်း ချင်းညီနောင်က ယနေ့မှာ သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

ချင်းညီနောင်တွင် ပူးပေါင်းပါဝင်ရန် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council/ Maraland Defense Force) သည် CDF-Mara တပ်ဖွဲ့နှင့် စစ်ရေးတင်းမာနေသည့်အချိန်တွင် ချင်းညီနောင်နှင့် ပူးပေါင်းလိုက်ခြင်းဖြစ်သည်။

ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF- Zoland)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)/CDF-Mindat၊ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF တို့သည် ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ဒီဇင်ဘာလ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ကြသည်။

ချင်းညီနောင် သည် ချင်းပြည်အရေး၊ ချင်းတစ်မျိုးသားလုံးအရေးနှင့် ပြည်ထောင် စုအရေးကိစ္စရပ်များတွင် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းကာ အနာဂါတ်တွင် ဒီမိုကရေစီ စံနှုန်ထားများနှင့် ကိုက်ညီသော အစိုးရတစ်ရပ် ပေါ်ပေါက်လာသည်အထိ အတူလက်တွဲ ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့တွင် CNF/ CNA ၊CDF- Mara နှင့် မရာနယ်မြေ အုပ်ချုပ်ရေး ကောင်စီ(MTC/MDF)တို့သည် ဇန်နဝါရီလ ၂၄ ရက်က နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကာ ထိခိုက်ကျဆုံးမှုများ ရှိထားပြီး လက်ရှိတွင်လည်းစစ်ရေးတင်းမာလျှက်ရှိ သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed