July 29, 2023 || Tongsan Media Group ||

ZCMF -USA ညီလာခံ အင်ဒီယာနာပိုးလစ်မြို့၌ ကျင်းပ (၁၃) ကြိမ်မြောက် ဇိုမီးခရစ်ယာန် အမှု‌တော်ဆောင်များအသင်း ယူအဲစ်အေ (ZCMF-USA) ၏ ညီလာခံကို ဇူလိုင် ၂၅-၂၇ ၊၂၀၂၃ ၌ အင်ဒီယားနားပြည်နယ် အင်ဒီယားနာပိုးလစ်မြို့ရှိ ကာလ်ဝါရီ ဇိုမီးနှစ်ခြင်းအသင်းတော်က အိမ်ရှင်လုပ်ကာ ကမကထပြု ကျင်းပပြုခဲ့ပါသည်။ အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံအချို့မှ အမှုတော်ဆောင် ဆရာ/မ ၉၁ ဦး ပါ၀င်တက်ရောက်နိုင်ခဲ့ကြောင်း ဆရာဘီလီကမ်ပီး တုလ်ဆာ ထံမှ ကြားသိရပါသည်။

ညီလာခံတက်ရောက်ရောက်သူအားလုံးကို အိမ်ရှင်အသင်းတော်မှ အကောင်းမွန်ဆုံး ဟိုတယ်၌တည်းခိုစေပြီးအစားအသောက်ကအစ လည်ပတ်ရာ၌ လိုလေသေးမရှိအောင် တာ၀န်ယူဖြည့်ဆည်းပေးခဲ့သည်ဟု ဆို၏။ ZCMF-USA သည် အမိချင်းပြည်သို့ သာသပြုဆရာကြီး ပညာ၀န် J.H.Cope ရောက်ရှိခြင်း နှစ် တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ကုန်လွန်ခဲ့သော၂၀၁၀ ပြည့်နှစ်က တုလ်ဆာမြို့၌ ကျင်းပပြုလုပ်သော Cope ရာပြည့် ဂျုဘီလီ (CCJC) ကျင်းပချိန် ဇိုမီးအမှုတော်ဆောင်များ အချင်းချင်း ရင်နှီးစွာ မိတ်သဟာရပြုလုပ်နိုင်ရန် ရယ်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ ညီလာခံကို နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်သည်ဟု ဆို၏။ ZCMF-USA အသင်းအနေဖြင့် အမေရိကန်နိုင်ငံနှင့် မြန်မာပြည်အရပ်ရပ်က အမှုတော်ဆောင်များကို ZCMF-USA စည်းမျဉ်းနင့်အညီ သိက္ခာပေးနိုင်ရန် ဆုံးဖြတ်ထားကြောင်း ဆရာဘီလီကမ်ပီးက ဆိုသည်။ လာမည့် ၂၀၂၄ ခုနှစ်၌လည်း ညီလာခံကို တက်နယ်ဆီပြည်နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ (၂၀၂၃-၂၀၂၅)အတွက် အမှုဆောင်ကော်မီတီ နှင့် အော်ဒီနေးရှင်း ကော်မီတီသစ်များကိုလည်း အောက်ပါအတိုင်း ရေချယ်တင်မြောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Executive Committee (2023-2025)

  • President- Rev. Dr. David Suan Za Lian
  • Vice President – Rev. Khai Khaw Pau
  • Secretary – Rev. Dr. Dal Deih Piang
  • Asst. Secretary- Rev. Ngin Alh Thang
  • Treasurer – Rev. Hang Za Tung
  • Auditor – Rev. Khual Deih Lian
  • Accountant – Rev. Gin Sawm Thang
  • Members: Sm. Nem Sian Uap
  • Rev. Dr. Hau Za Cin
  • Rev. Vung Do Khen Cing
  • Rev. Pau Khan Khai

Ordination Council (2023-202)

  • Rev. Dr. David Suan Za Lian (Co-ordinator
  • Rev. Dr. Dal Deih Piang
  • Rev. Hang Za Tung
  • Rev. Zam King Mang
  • Rev. Dr. Chin Khua Khai
  • Rev. Dr. Thang Cin Pau
  • Rev. Dr. Kham Khan Khai
  • Rev. Dr. Chin Khaw Kham
  • Rev. Dr. Lian Sian Mung
  • Rev. Thang Lian Kap
  • Rev. Dr. Kham Do Thang
  • Rev. Nang Kim Mang
  • Rev. Dr. Nang Khen Khup
  • Rev. Dr. Thang Za Pau

Reported by: Sia Billy Kampi, Tulsa- USA

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed