စစ်ကိုင်းတိုင်း၊ တမူးမြို့ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း-၄ ထံသို့ ဇန်နဝါရီ ၁၅ ရက်တွင် တီးတိန်မြို့၊ ခလရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား(၃)ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း သိရသည်။ အဆိုပါစစ်ကောင်စီတပ်သား(၃)ဦးသည် ယခင်က CDM ပြုလုပ်ထားသည့် ရဲဘော် ၂ ဦး၏ ချိတ်ဆက်မှုဖြင့် တမူးခရိုင်တပ်ရင်း(၄) ထံသို့ အလင်းဝင်လာခြင်းဖြစ်ကြောင်း တပ်ရင်း(၄)ကာကွယ်ရေးရဲဘော်တစ်ဦးက MPA ကိုပြောသည်။ “ထောက်ပံ့ငွေ​ပေးတာကတော့ NUG နဲ့ ချိတ်ဆက်ပြီးမှပဲ ပေးဖို့ရှိတယ်ဗျ။ လက်နက်တွေဘာတွေပါတော့လေ။ သူတို့(NUG)ထောက်ပံ့ငွေသပ်သပ်ရှိပါတယ်”ဟု ၎င်းကရှင်းပြသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား(၃)ဦးမှာ တပ်သားဟိန်းမြတ်ကျော် (၂၆နှစ်)၊ တပ်သားကိုသူ (၂၁ နှစ်)နှင့် တပ်သားစိုင်းထက်အောင် (၂၃နှစ်)တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ MA1သေနတ် ၃ လက်၊ ကျည်ဘောက် (၆)ဘောက်၊ ခဲယမ်းနှင့်ကျည်အချို့ပါလာကြောင်း သိရသည်။ အလင်းဝင်လာသည့် တပ်သားများနှင့်ပတ်သက် ၍ လုံခြုံရေးအရ အသေးစိတ်အချက်အလက်များကို ဖြေကြား၍ မရသေးကြောင်းနှင့် လက်ရှိလုံခြုံသည့်နေရာတွင် ထားရှိထားကြောင်း တမူးခရိုင်လူသားစာနာတာဝန်ခံက MPAကိုပြောသည်။

“ကျွန်တော်တို့ဘက်အခြေအနေက ဘယ်လိုဖြစ်လည်းဆိုတော့ အိန္ဒိယစစ်တပ်ကလည်း သူတို့(အလင်းဝင်စစ်သားများ)ကို ဘယ်နေရာမှာထားတယ်ဆိုတာသိရင် ပြန်ခေါ ပြီးတော့ ခွေး(စကစ)ဆီပြန်ပို့မှာလေ။ အဲ့ဒါကြောင့် ကျွန်တော်တို့လည်းအကျယ်တဝင့်ပြောလို့မရသေးတာ”ဟု ၎င်းကဆိုသည်။ စစ်ကောင်စီတပ်သားများအနေဖြင့် နောက်ဆုံးအချိန်မတိုင်မီ ပြည်သူ့ဘက်သို့ပူးပေါင်း၍အလင်းဝင်ရန်နှင့် ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အလင်းဝင်လာသူများကို နွေးထွေးစွာကြိုဆိုလျက်ရှိကြောင်း တမူးခရိုင်တပ်ရင်း (၄) ထံက သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed