စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မ(၁၂/ခ)ရပ်ကွပ်မှာနေထိုင်တဲ့ လက်မင်ထန်(ခ) ကိုထန်ဘွိုင်း အသက် ၃၀ခန့်ကို ဖေဖော်ဝါရီ ၈ရက်နေ့က ပျူစောထီး ခေါင်းဆောင် ပန်းချီချမ်းမြေ့ တပည့်များက ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ ကိုထန်ဘွိုင်းဟာ မိုးရေးမြို့အနီးရှိ ကျေးရွာတစ်ရွာမှာ စစ်ဘေးရှောင်ခိုလှုံနေတာဖြစ်တယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ ၈ရက်နေမှာ သူနေထိုင်တဲ့ ရပ်ကွက်နေအိမ်မှာ မျောက်ငိုသီး သွားကောက်လို့ အပြန်မှာ တမူးမိုးရေးနယ်စပ် ၁၄တံတားမှာ ပျူအဖွဲ့ရဲ့အကြောင့်မဲ့ ဖမ်းဆီးခြင်းကိုခံရတာဖြစ်တယ်လို့ သူရဲ့အကို ဖြစ်သူကပြောပြပါတယ်။

သူ့ကို တံတာအနီးမှာရှိတဲ့ တောထဲကိုခေါ်သွားခဲ့ကြပြီး နတ်စဉ်အနီးမှာ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြကာ မည်သူမှမမြင်နိုင်ရန် အလောင်းကို ဖျောက်ပစ်ခဲ့ကြတာလို့ မိသားစုဝင်တစ်ဦးကလည်း ပြောပြပါတယ်။ သူသေဆုံးတာ အသိနောက်ကျခဲ့လို့ သူ့ရဲ့နာရေးကိုတော့ ဖေဖော်ဝါရီ ၁၁ရက် ယနေ့မှပြုလုပ်ပေးနိုင်ခဲ့ကြတယ်လို့ အကိုဖြစ်သူကဆက်ပြောပြပါတယ်။


ပန်းချီချမ်းမြေ့ရဲ့ တပည့် ပျူစောထီးအဖွဲ့များဟာ တမူး ၁၄တံတားမှာ ဂိတ်ဖွင့်ထားကြတာဖြစ်ပြီး လမ်းသွားလမ်းလာနေတဲ့ ဒေသခံများကို ငွေညစ် တောင်း ရမ်းနေကြကာ သံသယရှိသူများကို အခုလိုဖမ်းစီးပြီး သတ်ဖြတ်နေကြတာဖြစ်တယ်လို့ ဒေသခံများကဆိုထားပါတယ်။ အဆိုပါကိုထန်ဘွိုင်း ရဲ့ အဖေဟာလည်း ၂၀၂၃ ခုနှစ်က ၉၆ပါး ရောဂါနဲ့ သူစစ်ဘေးရှောင်နေတဲ့ မိုးရေးမြို့အနီး အိန္ဒိယ ကျေးရွာတစ်ခုမှာ ဆုံးပါသွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed