August 5, 2023 || Tongsan Media Group ||

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ Fort Worth မြို့မှာ နေထိုင်တဲ့ ပါးထန်တုလ်မုန် (ဆွမ့်တဒ်) နှင့် နူး ခုပ်ဒွန်မန့် တို့၏သားကြီး တာန် ဟန်မွန်ခိုင်(ခိုင်ပီး) သည် အမေရိကန်နိုင်ငံ၏ လေယာဉ်မောင်းခွင့်လိုင်စင် ရရှိခဲ့သည့်အပြင် ထိပ်တန်းလေကြောင်းတစ်ခုဖြစ်သော အမေရိကန် လေကြောင် လိုင်း၌ စီးပွားဖြစ်လေယာဉ်မှူးလေယာဉ်မှူးရာထူးတာ၀န် ရရှိသည်ဟု ကြားသိရသည့်အတွက် တုန်ဆန် မီဒီယာမှ ဂုဏ်ယူ၀မ်းမြောက်ပါကြောင်း ဖော်ပြအပ်ပါသည်။

အမေရိကန်နိုင်ငံ၌ စီးပွားဖြစ် လေယာဉ်မှူး ဖြစ်နိုင်ရန် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရပြီးလျှင် လေယာဉ်မှူးနှင့်ဆိုင်ရာ ပညာရပ်နှင့် လေ့ကျင့်လေ့လာမှု စစ်ဆေးမှုအဆင့်ဆင့် အောင်မြင်မှသာ ရရှိနိုင်သည်။ ယခုကဲ့သို ရည်မှန်းချက် ကြီးမားစွာဖြင့် ကြိုးစားပြီး၊ လူဖြူ လူမည်းများနှင့် ယဉ်ဘောင်တန်းကာ အောင်မြင်မှု ရရှိသော တာန် ခိုင်ပီးကို လေးစားဂုဏ်ပြုရင်း ဆက်လက်ကာ ဘုရားသခင်၏ကူညီလမ်းပြမှုရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းပါသည်။

အထူးဂုဏ်ယူ၀မ်းမြောက်စွာဖြင့်၊
တုန်ဆန်း မီဒီယာ ဂရုဒ် အိုင်အင်စီ

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed