ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်၊ တပ်မဟာ (၂)၊ ထောတထူ(ထန်းတပင်)မြို့နယ်၊ ဒေးလိုကျေးရွာအုပ်စု၊ မူဆာလေးမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်စခန်း (၁) ခုလုံး စွန့်ခွာ ထွက်ပြေးသွားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

၂၀၁၃ ခုနှစ်က စတင်တပ်စွဲထားတဲ့ သောက်ရေခပ် အမှတ် (၂) ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာ လုံခြုံရေး ယူထားတဲ့ မူဆာလေးတပ်စခန်းက စကခ (၂၀) အောက်ရှိ ခမရ−၅၈၁ တပ်သားများမှာ ဇန်နဝါရီလ (၂) ရက်နေ့မှာ သူတို့စခန်းများကို စွန့်ခွာပြီး ထွက်ပြေးသွားကြတဲ့အတွက်ကြောင့် ကရင်အမျိုးသာလွတ်မြောက် ရေး တပ်မတော် (K.N.L.A) တပ်ရင်း (၆) က အဲ့ဒီစခန်းကို ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

တောအူး(တောင်ငူ)ခရိုင်အတွင်း ဒီဇင်ဘာ (၃၁) ရက်နေ့က ဖလေးဆာလိုတပ်စခန်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၂) ရက်နေ့မှာ ကလောမီဒဲ တပ်စခန်းကြီးတို့က အသီးသီးစွန့်ခွာ ထွက်ပြေးသွားတာကြောင့် မူဆာလေးတပ်စခန်းရှိ စစ်ကောင်စီတပ်များဟာလည်း မနေရဲတော့ဘဲ သူတို့တပ်စခန်းများကို စွန့်ခွာထွက်ပြေးသွားရတာဖြစ်တဲ့အတွက် (၃) ရက် အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က စွန့်ခွာထွက်ပြေးတဲ့ တပ်စခန်း (၃) လုံးအထိ ရှိလာပြီး ဖြစ်တယ်လို့ သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed