မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာမှာ စစ်ကောင်စီနဲ့ ပျူစောထီး အဖွဲ့ဝင်များ က တော်လှန်ရေး ရဲဘော်နှစ်ဦးအား ဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ခဲ့တယ်လို့ Online ပေါ် ပြန့်နှံလာတဲ့ Video ဖိုင်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃၊ နိုဝင်ဘာလ ၇ ရက်နေ့က မြောက်ခင်ရန်းကျေးရွာရှိ ပျူစောထီး တပ်ဖွဲ့နဲ့ စစ်တပ် ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်နှစ်ဦးကို စစ်ကောင်စီက အရှင်ဖမ်းဆီး ရမိခဲ့တာဖြစ်ပါတယ်။

ပျူစောထီးခေါင်းဆောင် ထက်ဝေဦး ဦးဆောင်တဲ့ စစ်တပ်နဲ့ ပျူစောထီး အဖွဲ့ဝင်များက ၎င်း ဖမ်းဆီးခံခဲ့ရတဲ့ တော်လှန်ရေး ရဲဘော်နှစ်ဦးကို ရိုက်နှက်နှိပ်စက်ပြီး သံကြိုးထုတ်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုလူမဆန်တဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုကို ကမ္ဘာက သိစေချင်တယ်လို့ ဂန်ဂေါဒေသခံ တစ်ဦးက ပြောပါတယ်။ ထိုသို့မီးရှို့သတ်ဖြတ် နေချိန်မှာ ပျူစောထီးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အော်ဟစ်အောင်ပွဲခံ နေခဲ့ကြတဲ့အသံကိုလည်း Online ပေါ် ပြန့်နှံလာတဲ့ ရုပ်သံ (Video) ထဲမှာ တွေ့မြင်ရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed