August 2, 2023 || Tongsan Media Group ||

ချင်းပြည်နယ်၊ တွန်းဇံမြို့ ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖြစ်ကြသည့် CNA, CDF-Hualngoram, CDF-KKG, CDF-Tonzang နဲ့ PDA တို့ကဩဂုတ် ၁ ရက်နဲ့ ၂ ရက် မနက် ၄ နာရီမှ ၇ နာရီအထိ သွားရောက်ပစ်ခတ်ပြီ: CDF-Hualngoram တပ်ဖွဲ့ မှ ရဲဘော် Lalramchuana ကျဆုံးသွားကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဘက် သေဆုံးမှုရှိသော်လည်း အတိအကျမသိရ‌ေသး‌ေကြာင်း သတင်းရရှိပါတယ်။

တိုက်ပွဲအပြီးတွင်တွန်းဇံမြို့ ၊ ခေါဝုန် လေးဆန် ရပ်ကွက် ရဲစခန်းအနီး နေထိုင်သူ လင်မယားနှစ်ဦး ဆိုင်ကယ်ဖြင့် ထွက်ပြေးရာရဲစခန်းဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ တို့ပစ်ခတ်ခံရ‌‌ေသာ‌‌ေကြာင့် မွောလ်ပီဇာတိ ဦးမန်ရှန်းကျိန် အသက် ၂၇ နှစ်အား သေနတ်ထိမှန် သေဆုံးခဲ့ရပြီး ၎င်း၏ အမျိုးသမီးအားဝမ်းဗိုက်တွင် ဒါဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ်နှင့် ၁၂ နှစ်အရွယ်ရှိ ကလေးငယ် ၂ ဦးလည်း လက်နက်ကြီး‌ကျည်စထိမှန်ကာ ဒါဏ်ရာရရှိကြောင်း သိရသည်။

အခုလို တိုက်ပွဲဖြစ်ပွားတာကြောင့် တွန်းဇံမြို့တွင်း ရပ်ကွက်အချို့ကပြည်သူတွေထွက်ပြေးကြပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင် ၂၇ ရက်က တွန်းဇံမြို့နယ် Lungtak ကျေးရွာတစ်ရွာလုံး၊ Phaitu ကျေးရွာ တချို့တစ်ဝတ်၊ Nak Zang ကျေးရွာ ရွာသားတွေ အကုန်လုံး၊ Tui Tum ကျေးရွာ တချို့တဝက်ဟာ ထွက်ပြေးတိမ်းရှောင်ကြပါတယ်။

“ကျွန်တော်တို့က စခန်းကိုသွားသိမ်းပိုက်ဖို့သွားတာ။ သတင်းတွေလည်ပေါက်ထားလို့လေ၊ သူတို့ တပ်ကုန်းမှာ ပဲမနေဘဲနဲ့၊ နတလအိမ်တို့ဘာတို့မှာနေရာယူလို့လေ။ သူတို့အဲ့လို နေရာဖြန့်ပြီးတော့နေတာ။ ပြီးတော့ သူတို့ စကစတပ်ကုန်းထဲမှာ စစ်ခွေးတွေပဲမနေပဲနဲ့ ZRA နဲ့ ပူးတွဲနေတော့ အင်အားက ထင်တာထက်များသွားတယ်” ဟု ၎င်းကပြောသည်။ ယင်းစစ်ကောင်စီတပ်ကုန်းတွင် စစ်ကောင်စီတပ်ဖွဲ့အပြင် ZRA တပ်ဖွဲ့မှလည်း ပူးပေါင်းနေရာ ယူထားခြင်း ကြောင့် မသိမ်းပိုက်နိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားတာကြောင့်စစ်ဘေး တိမ်းရှောင်နေသူများသည် တီးတိန်မြို့ နှင့် ကလေးမြို့ဘက်ကို တိမ်းရှောင်ကြပြီး ကျီခါးမြို့နှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အထိ ထွက်ပြေးတိမ်းရှောင်ကြသူ တွေလည်းရှိကြောင်းသိရသည်။ “ငွေကြေးမတတ်နိုင်တဲ့ ဒေသခံ အချို့ကတော့ တော၊ တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြတယ်” ဟု စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ဆိုသည်။

ချင်းပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနှင့် စစ်ကောင်စီတပ်ဖွဲ့များ နေရာအနှံ့ မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျက်ရှိကြသည်။တွန်းဇံမြို့သည် အိမ်ခြေ ၁၀၀၀ ခန့်ရှိပြီး လူဦးရေ ၅၀၀၀ နီးပါးခန့် နေထိုင်ကာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းနီးကပ်သည့် နယ်စပ်ဒေသလည်းဖြစ်သည်။

Source: Ayeyarwaddy Times & Khonumthung

Edited by: Tongsan Media Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed