August 30, 2023 || Tongsan Media Group ||

ချင်းပြည်နယ် တွန်းဇံမြို့ ခေါလိုင်ဂိုးဇန်ရပ်ကွက်တွင်နေထိုင်သော Evangelical Baptist Church ခရစ်ယာန်အမှုတော်ဆောင် ဆရာတစ်ပါးကို Zomi Revolutionary Army (ZRA) လက်နက်ကိုင်တပ်ဖွဲ့က ရိုက်နှက်ခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၈ ရက် နေ့လည်အချိန်၌ ZRA တပ်ဖွဲ့ဝင်များ မြို့တွင်းကင်းလှည့်နေသည်ကို ဖုန်းကင်မရာ ဖြင့် ဓာတ်ပုံရိုက်ယူကာ နယ်ခြားရှိ ၎င်း၏အသိမိတ်ဆွေထံပို့ခဲ့ရာမှ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းကြောင်း ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့ခဲ့ခြင်းကြောင့် ယင်းအမှုတော်ဆောင်ဆရာကို ZRA တပ်ဖွဲ့၀င်များက ရိုက်နှက်ခဲ့ ခြင်းဖြစ်သည်ဟု တွန်းဇံမြို့ဒေသခံတစ်ဦးကပြေသည်။

ယင်းအမှုတော်ဆောင်ဆရာကို ၎င်း၏ နေအိမ်ရှေ့တွင် ZRA တပ်ဖွဲ့က နောက်ကြောတွင် ထင်းချောင်းဖြင့် ရိုက်နှက်ကာ ငိုယိုတောင်းပန်ခဲ့သော်လည်း သေနတ်ချိန်ကာ ထပ်မံရိုက်နှက်ခဲ့မှုကြောင့် ဦးခေါင်းနှင့် နောက်ကျောတွင် မစိုးရိမ်ရဒဏ်ရာ ရရှိကြောင်း သိရသည်။ ထို့အပြင် ၎င်းဆိုင်ရှေ့တွင် ဈေးဝယ်နေသူ တစ်ဦးကိုလည်း ZRA တပ်ဖွဲ့က အကြောင်းမရှိ ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။ “အမှုတော်ဆောင်ဆရာကို ဆေးရုံပို့လိုက်တယ်လို့ပြောကြတယ်။ ဒဏ်ရာတော့ သိပ်မပြင်းထန်ဘူး။ ဒီလို ခရစ်ယာန်ဆရာတော်တပါးကို ရိုက်နှက်တာ မလုပ်သင့်ဘူး”လို့ တွန်းဇံမြို့ ဒေသခံတဦးက ပြောပါတယ်

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တွန်ဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့တွင် ကြေညာချက်ထုတ်ပြန်ကာ ပြစ်တင်ရှုတ်ချလိုက်ပြီး ZRA/O အဖွဲ့အနေဖြင့် အများပြည်သူအပေါ် အော်ဟစ်ဆဲဆိုခြင်း၊ ရက်စက်ယုတ်မာပြီး ရိုက်နှက်ထိုးနှက်မှုများ၊ မတရား ညှဥ်းပန်းနှိပ်စက်မှုများ အဓ္ဓမ လူစုဆောင်းခြင်း၊ ဆက်ကြေးကောက်ခြင်းများ စသည့် အကြမ်းဖက်လုပ်ရပ်များ ထပ်မံ၍ မကျူးလွန်ရန် တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး ထားသည်။

လွန်ခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် တွန်းဇံမြို့ပေါ်အခြေစိုက် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများသည် အပြင်မထွက်ရဲကြတော့ဘဲ ၎င်းတို့ စခန်းတွင်သာ အောင်းနေပြီး ယခုရက်ပိုင်းတွင် ZRA တပ်ဖွဲ့ဝင်များသည် မြို့တွင်းလှည့်လည်ကာ လုံခြုံရေးယူနေကြောင်း သိရသည်။

Ref: Khonumthung and Zalen

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed