August 28, 2023 || Tongsan Media Group||

ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း ဩဂုတ်လ ၂၇ ရက်နဲ့ ၂၈ ရက်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားရာ ချင်းကာကွယ်ရေးတပ်သား ၁၀ ဦးခန့်ကျဆုံးတယ်လို့သတင်းရရှိပါတယ်။ ဩဂုတ်လ ၂၇ ရက်မနက်ပိုင်းကစပြီး တိုက်ပွဲစတင်ဖြစ်ပွားရာ ဂျက်လေယာဉ်တစ်စီးဖြစ် လာရောက်တိုက်ခိုက်သွားပါတယ်။ ယနေ့ဩဂုတ်လ ၂၈ ရက်မနက် ၅ နာရီတွင်တိုက်ပွဲပြန်လည်ဖြစ်ပွားရာ ဟားခါးမြို့ကနေ လက်နက်ကြီးပစ်ကူပေးခဲ့ကြပါတယ်။

မနက် ၇ နာရီနဲ့ ညနေ ၅ နာရီလောက်တွင် ဂျက်လေယာဉ်ထပ်မံပျံသန်းကာ ထန်တလန်မြို့အတွင်းဗုံးကြဲတိုက်ခိုက်လို့ ချင်းကာကွယ်ရေးတပ်သား ၁၀ ဦးခန့်ကျဆုံးတယ်လို့သိရတယ်။ စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုများပေမယ့် အတိအကျမသိရသေးပါ။ နေ့လည် ၁၂ နာရီလောက်တွင် ဟားခါးမြို့က စစ်ကောင်စီကား ၃ စီးဖြင့် ထန်တလန်ဘက်သို့စစ်ကူပို့ခဲ့ကြပါတယ်။

Source: Zalen & Zofa Journal

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed