September 16, 2023 || Tongsan Media Group ||

KNU ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် မှ ထိုင်း – မြန်မာနယ်စပ် တစ်နေရာတွင်တည်ရှိသော စစ်ကောင်စီတပ် ရေတလျောက်စခန်းအား KNLA – ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၁၈) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ယမန်နေ့ (စက်တင်ဘာ ၁၄ ရက်)နေ့ နံနက် ၈နာရီခန့်မှစတင်ခဲ့ရာ နာရီဝက်ပင် မကြာဘဲ စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ် ၉ ဦး သေလက်နက်ခဲယမ်းမြောက်များစွာ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်က ယနေ့သတင်းထုတ်ပြန်သည်။ စခန်းသိမ်းတိုက်ပွဲအတွင်း KNLA – တော်လှန်ရေး ပူးပေါင်းတပ်ဖွဲမှ သုံးဦး ဒဏ်ရာရပြီး တစ်ဦးကျဆုံးခဲ့ကြောင်း အသိပေးသည်။ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းမြောက်များစွာ သိမ်းဆည်းရမိခဲ့ကြောင်းဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။

စစ်ကောင်စီတပ် ရေတလျောက် စခန်းမှ သိမ်းဆည်းရမိသော လက်နက်များမှာ MA-1 (၁) လက်၊ MA-2 (၂) လက်၊ MA-3 (၁) လက်၊ MA-4 ပူးတွဲ (၂) လက်၊ RPG-7 (၁) လက်၊ 60mm ပြောင်းတို (၂) လက်၊ ပစ္စတို (၂) လက် နှင့် ငါးကြင်းမြိး စက်လက် (၁) လက် တို့ဖြစ်ပြီး ခဲယမ်း ကျည်ဆံနှင့် အခြားပစ္စည်းများမှာ RPG-7 ကျည် (၇၀) လုံး၊ 81mm ကျည် (၄၀) လုံး၊ 60mm ကျည် (၁၁၀) လုံး၊ M-79 ကျည် (၄၀) လုံး၊ 5.56 ကျည် (၂၈၀၀) တောင့်၊ 7.62 ကျည် (၈၀၀) တောင့်၊ တိုက်မိုင်း (၂၀) လုံး၊ နင်းမိုင်း (၂၃) လုံး၊ ရှေ့ထွက်မိုင်း (၃) လုံး၊ ဆက်သွယ်ရေးစက်ကြီး (၁) လုံး၊ မြေပုံ (၁) ရွက်၊ လက်ပစ်ဗုံး (၂၀) လုံး နှင့် Compass (၂) လုံးတို့ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထိုသို့ တိုက်ခိုက်မှုများနေ့စဉ် ပြုလုပ်လျက်ရှိရာ စစ်ကောင်စီတပ်မှ သေဆုံး ဒဏ်ရာရ ဦးရေများပြားလာပြီး စခန်းတွင်းရှိ စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ မိသားစုများမှာလည်း စိတ်ဓာတ်ပိုင်းအရ သော်လည်းကောင်း ကျဆင်းလျှက်ရှိကြောင်း ထုတ်ပြန်သည်။ ထို့အပြင် အာဏာဖြင့်အကြမ်းဖက်အုပ်ချုပ်နေသော ၎င်းတို့၏ တပ်အား စွန့်ခွာထွက်ပြေး၍ KNU – ကရင်အမျိုးသားအစည်းအရုံး နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံသို့ လာရောက်ပူးပေါင်းခဲ့ခြင်းများစွာလည်း ရှိနေသည်ဟု ဖော်ပြထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed