August 19, 2023 | Tongsan Media Group |

ကရင်နီပြည်နယ်၊ ဒီမော့ဆို နှင့် ဖရူဆိုမြို့နယ်တို့ကို ဩဂုတ်လအစ မှစတင်ပြီး အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်သည် ၁၇ ရက်တာ တိုက်ပွဲအတွင်း တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအ၀င် ၇၁ ဦး သေ ဆုံးကြောင်း ဒီမော့ဆို PDF တပ်ဖွဲ့က ထုတ်ပြန်ထား သည်။ ဩဂုတ်လ ၂ ရက်နေ့မှ စတင်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မ ၅၅ လက်အောက်ခံတပ်များဖြစ်သည့် ခမရ ၁၁၂၊ ခလရ ၃ တပ်များသည် အင်အားအများအပြားဖြင့် ထိုးစစ်ဆင်၀င်ရောက် တိုက်ခိုက်နေခြင်းဖြစ်သည်။

ဩဂုတ် ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့်ငွေတောင်ရွာသစ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ခလရ ၃ မှ တပ် ရင်းမှူးအပါအ၀င် ရဲဘော် ၂၆ ဦး၊ ထီးသော်ကူးကျေး ရွာ အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ခမရ ၁၁၂ က စစ်သား ၄၅ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်းနှင့် ပူး ပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်နှစ်ဦး ကရင်နီတပ်မတော်မှ ဒုဗိုလ် တစ်ဦးလည်း ကျဆုံးခဲ့ ကြောင်း သိရသည်။

စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF၊ ကရင်နီ ပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ အလယ်ပိုင်းတိုင်း ကရင်နီစစ်ဒေသခွဲ တပ်ရင်း၊ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DMO PDF ၊ ကရင်နီဝံပုလွေစစ်ကြောင်းတို့မှ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကရင်နီပြည် ထီးသော်ကူးကျေးရွာနှင့် ပြည်ထောင်စုလမ်းမကြီးတွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်းနှင့် စစ်ကောင်စီဘက်က အဓိကလမ်းမကြီးများကို ပြန်လည်ရယူနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed